Connect with us

Hi, what are you looking for?

News

ထီးချိုင့် တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် ၃၀ခန့်သေဟု ပကဖ ပြော

​သေဆုံးသွားသည့်တပ်ရင်းမှူးနှင့် ဗိုလ်တစ်ဦးကို သပိတ်ကျင်းမြို့နယ် မန္တလေး – ဗန်းမော်လမ်းရှိ ၇မိုင် စစ်ဆေးရုံကို သယ်သွားပြီး ကျန်တပ်ဖွဲ့ဝင်အလောင်းများကို မောင်းကုန်းကျေးရွာအနီးရှိ ရေဘုတ်သင်္ချိုင်းတွင် သဂြိုလ်သွားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

(ထီးချိုင်မြို့အနီးမှ ဧရာဝတီးမြစ်ကူးတံတား)

ထီးချိုင့်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ရာနှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဗိုလ်အပါအဝင် ၃၀ဦးခန့်သေဆုံးခဲ့ ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၉ရက်)တွင် ထီးချိုင်မြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့သလို ၊ယမန်နေ့တွင် ထီးချိုင့်မြို့နှင့် မိုင်အနည်းငယ်အကွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ယာဉ် ၂စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

“မနေ့က ၆နာရီထိုးခါနီးမှာ တည်တောကနေ ထီးချိုင့်ဘက်ကို သွားတဲ့ ကား ၂စီးကို မိုင်း ၂လုံးနဲ့ မိုင်းခွဲတိုက်ခိုက်တယ်။ ၁၂ယောက်သေတယ်လို့ ဒီနေ့ နေလည်သတင်းရတော့ ကျွန်တော်တို့ စုံစမ်းကြည့်တော့ တပ်ရင်းမှူး တစ်ဦးပါတယ်” ဟု အထက်ပါတာဝန်ရှိသူကPeople’s Spring သို့​ပြောသည်။ စစ်ကောင်စီတပ်သည် အရပ်သုံး ၁၂ဘီးကားများကို ချောဆွဲ၍ စီးလာကြခြင်းဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူကဆက် ပြောသည်။

​သေဆုံးသွားသည့်တပ်ရင်းမှူးနှင့် ဗိုလ်တစ်ဦးကို သပိတ်ကျင်းမြို့နယ် မန္တလေး – ဗန်းမော်လမ်းရှိ ၇မိုင် စစ်ဆေးရုံကို သယ်သွားပြီး ကျန်တပ်ဖွဲ့ဝင်အလောင်းများကို မောင်းကုန်းကျေးရွာအနီးရှိ ရေဘုတ်သင်္ချိုင်းတွင် သဂြိုလ်သွားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထီးချိုင့်မြို့နယ်တွင် ယနေ့မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတွင်တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်။ ထီးချိုင့်မြို့နယ် ၀ဲကြီးနှင့် ကြက်တစ်ကောင်ကြားတွင် စစ်ကောင်စီတပ်ကို ယနေ့မနက်က တိုက်ခိုက်ခဲ့သည်။

“ဟိုဘက်က စစ်ကြောင်းထိုးလာတာကို ကိုယ့်ဘက်က ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခြေအနေမှာ သူတို့ဘက်က ၈ဦးလောက်ကျဆုံးတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ အဲဒါက မျက်မြင်ပေါ့နော်။ ကိုယ့်ဘက်ကတော့ ထိခိုက်ကျဆုံးမရှိဘူး” ဟု ထီးချိုင်းပြည်သူ့ကာကွယ်​ရေးအဖွဲ့ တာဝန်ရှိသူက ​ယ​နေ့တိုက်ပွဲအ​ကြောင်းရှင်းပြသည်။

ညနေ ၄နာရီခန့်တွင် ထီးချိုင့် ကမ်းနီးရွာအနီးသို့ အင်အား ၅၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၎င်းကဆက်ပြောသည်။

“ကိုယ့်ဘက်က အနီးကပ် ချောင်းပြီးတိုက်ခိုက်နိုင်တော့ ဟိုဘက်ကလည်း အထိအခိုက်အကျအဆုံးရှိတယ်ပြောတယ်။ ဆယ်ဦးလောက်ကတော့ အထိအခိုက်ရှိတယ်ပြောတယ်။အဲဒါက မျက်မြင်ပေါ့။ နောက်မှာရှိတဲ့ နောက်ဆုံးကျန်ခဲ့တဲ့သူတွေကိုပဲပစ်လိုက်ရတာကိုး”ဟု ပကဖတာဝန်ရှိသူက ပြောသည်။

“ထီးချိုင့်မှာ နေတိုင်းတိုက်ပွဲဖြစ်နေတာ။၁၈ရက်နေ့ညနေက အရာရှိတွေပါ သေတော့ စစ်ခွေးတွေက အထိနာပြီး အရပ်သား‌‌တွေကို ပစ်မှတ်ထားလာတယ်။ စစ်တပ်ဘက်က အကျများတယ် “ဟု ထီးချိုင့်မြို့ခံတစ်ဦးကလည်းပြောသည်။

ထီးချိုင့်မြို့တစ်ဘက်ကမ်း မြတောင် ဘက်တွင် ယနေ့(ဇန်နဝါရီ ၁၉) ညနေက အရပ်သား ငါးဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟုလည်း ဒေသခံများကပြောသည်။

” Facebook ပေါ် Comment ပေးထားသူများ ၊မအလ အပေါင်းအပါများ ကိုဆဲထားသော Post များ ကို ရှာဖွေကာ ဖမ်းဆီးနေကြောင်းသိရ။ပြည်သူများ သတိထားနေထိုင်ကြပါ ခင်ဗျာ”ဟု ထီးချိုင့်မြို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကလည်း လူထုအား အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။