Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်ကမ်း​ဘေး ရွှေတူး​ဖော်ခြင်းမပြုရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့သတိပေး

ဟုမ္မလင်းမြို့နယ်အတွင်း၌ပင်ရှိသည့် ဥရုချောင်းတွင်လည်း ရွှေမျောလု​ပ်ကွက်များ ပြန်လည်လုပ်ဆောင်နေကြ၍ တားမြစ်ပေးရန်လိုအပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ခေါင်ခမ်းကျွန်းနှင့် အနီးတစ်ဝိုက်၌ အကြမ်းဖက်စစ်ကောင်စီမှ ရွှေမျောလုပ်ကွက်များ ချထားပေးရန်စီစဥ်နေပြီး လုပ်ကိုင်ခြင်းမပြုကြရန် ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအနီး ချင်းတွင်းမြစ်ကမ်းဘေးရှိ ခေါင်ခမ်းကျွန်းနှင့် အနီးတစ်ဝိုက်၌ မကြာမီရက်ပိုင်းအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ ရွှေမျောလုပ်ကွက်များ ဆောင်ရွက်ခွင့်ပြုမည်ဟု ကြားသိရကြောင်း၊ ထိုနေရာတွင် ရွှေမျောတိုက်ခြင်းများ ပြုလုပ်ပါက ​ချင်းတွင်းမြစ် ​ရေစီးကြောင်း ပြောင်းနိုင်ပြီး ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ကျေးရွာများပျက်စီးနိုင်​ခြင်း၊ ရေကြီးခြင်းနှင့် ဟုမ္မလင်းမြို့၏ကမ်းပါးများ ပြိုကျနိုင်ခြင်း
စသည့် အန္တရာယ်များ ကြုံတွေ့နိုင်ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရှင်းလင်းအသိပေးထားသည်။

ထို့အပြင် ယခင်ကလည်း ထိုအန္တရာယ်များကြောင့် ခေါင်ခမ်းကျွန်းတွင် ရွှေမျောတိုက်ခြင်းများ မပြုလုပ်ရန် ဒေသခံပြည်သူများမှ ဝိုင်းဝန်းကန့်ကွက်ခဲ့ဖူးကြောင်း၊ သို့ဖြစ်၍ ခေါင်ခမ်းကျွန်းနှင့် အနီးတစ်ဝိုက်တွင် ရွှေမျောတိုက်ခြင်းများ ပြုလုပ်ခဲ့ပါက ၎င်းနှင့် ဆက်စပ်သူများအားလုံးကို ကျွန်ုပ်တို့ တရားရေးဌာန အရေးတော်ပုံ အောင်သည့်အခါ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြိုတင်သတိပေး တားမြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဟုမ္မလင်းမြို့နယ်အတွင်း၌ပင်ရှိသည့် ဥရုချောင်းတွင်လည်း ရွှေမျောလု​ပ်ကွက်များ ပြန်လည်လုပ်ဆောင်နေကြ၍ တားမြစ်ပေးရန်လိုအပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။