Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီကျူးလွန်သည့် ဖြစ်စဥ် ၇၀၀ကျော်ကို ICC ၊ ICJ အပြင် နိုင်ငံသုံးခုတွင် တရားစွဲတင်နိုင်ရေး NUG လုပ်ဆောင်နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) နှင့် ပူးပေါင်းလုပ်ဆောင်ကာ အချက်အလက်စုဆောင်းနေသည်ဟု အထက်ပါ NUG ဝန်ကြီးက ပြောသည်။

တရားမျှတမှုမရမချင်း ကြိုးပမ်းမှုများရပ်နားမည်မဟုတ်ဟု ဒေါက်တာဆာဆာပြော

အကြမ်းဖက်စစ်တပ်က အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်သည့်ဖြစ်စဉ် ၇၀၀ကျော်ကို စုဆောင်းထားပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) သာမက ဩစတြေးလျ၊ ဘရာဇီးလ်၊ ဂျာမနီနိုင်ငံများတွင်လည်း တရားစွဲတင်နိုင်ရေးလုပ်ဆောင်နေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောသည်။

မတူပီမြို့နယ်အပါအဝင် ချင်းပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ NUG က ယနေ့(ဇန်နဝါရီ ၂၀ရက်)ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက တရားမျှတမှုမရမချင်း ရပ်တန့်မည်မဟုတ်ကြောင်း ကတိပြုသည်။

“ပြောချင်တာကတော့ ကျွန်တော်တို့ဟာ တစ်ခုပြီးတစ်ခုကို လိုက်ပြီးတော့ တစ်နေရာပြီး တစ်နေရာကိုသွားပြီးတော့ တစ်နိုင်ငံပြီး တစ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ တစ်ခုပြီး တစ်ခုကို လိုက်နေပြီး သွားနေရမှာဖြစ်ပါတယ်။ ဘယ်တော့မှ ရပ်နားမှာမဟုတ်သလို တရားမျှတမှုကို မရမချင်း ကျွန် တော်တို့ဟာ ရပ်တန့်မှာမဟုတ်ဘူး” ဟု ဒေါက်တာဆာဆာက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကျူးလွန်သည့် အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထား ဗီဒီယို၊ ဓာတ်ပုံပေါင်း ၄ သိန်းကျော် မှတ်တမ်းတင်ထားပြီး ယင်းအနက် နေရာ၊ အချိန်၊ အမည် နှင့်တကွ လူဦးရေ ၄၇၀၀၀ ကျော်အပေါ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို စုဆောင်းထားသည်ဟု NUG က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုများကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) နှင့် ပူးပေါင်းလုပ်ဆောင်ကာ အချက်အလက်စုဆောင်းနေသည်ဟု အထက်ပါ NUG ဝန်ကြီးက ပြောသည်။

ထို့အပြင် မြန်မာစစ်တပ်၏ လူမဆန်သော အကြမ်းဖက်ကျူးလွန်မှုများကို ချင်းတိုင်းရင်းသားများသာမက ကရင်နီ၊ ကရင်၊ ကချင်၊ စစ်ကိုင်း၊ မကွေး တို့မှ တိုင်းရင်းသားပြည်သူများကိုယ် တိုင်ကလည်း ICC နှင့် ICJ တို့တွင် တရားစွဲဆိုရန် လုပ်ဆောင်စေလိုပြီး အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးရှုထောင့်(Politically)၊ ဥပဒေရှုထောင့်(Legally) နှစ်မျိုးစလုံးကို ကြည့်စေလိုကြောင်း ဒေါက်တာဆာဆာက တိုက်တွန်းသည်။

“ဥပမာပေါ့ ICC မှာ ချင်းကလည်း တိုင်စာရပြီ။ NUG ဘက်ကလည်း ရောက်လာပြီ။ IIMM ဘက်ကလည်း သက်ဆိုင်ရာ ကုလသမဂ္ဂဘက်ကလည်း အမှုက ရောက်လာပြီဆိုရင် ပိုမြန် နိုင်သလို ပိုလည်း ထိရောက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်နေသူများနားလည်ရန်မှာ NUG အနေဖြင့် ဖြစ်စဉ်အားလုံးကို မှတ်တမ်းတင်စုဆောင်းထားပြီး ကျူးလွန်သည့် ‘အမှုမှန်သမျှ တစ်ခုမှ မချန်ထားစေရ’ ဟူသော မူဝါဒဖြင့် လုပ်နိုင်သမျှ၊ တတ်နိုင်သမျှ နိုင်ငံ တကာနှင့် နေ့စဉ် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ဒေါက်တာဆာဆာက ရှင်းပြသည်။

“တချိန်တည်းမှာ တချို့အမှုတွေကတော့ သွားရတာ ကြန့်ကြာတဲ့အတွက်ကြောင့် ပြည်သူလူထုတွေဟာ ဒါကို နားလည်ပေးစေချင်တယ်။ သို့သော်လည်း ကျွန်တော်တို့ NUG သော်လည်း ကောင်း၊ မြန်မာပြည်သူလူထုသော်လည်း ကောင်း၊ တရားမျှတမှုကိုမရမချင်း နောက်ဆုတ်မှာ မဟုတ် သလို၊ လက်မြှောက်မှာမဟုတ်ဘူး။ တရားမျှတမှုကို မရမချင်း ဆက်လက်ရှေ့တိုးပြီးတော့ တရားမျှတခြင်းကို ကျူးလွန်တဲ့သူတွေကို ယူဆောင်လာပေးတဲ့အထိ ဆက်လက်ပြီးတော့ ချီတက်သွားမယ်ဆိုတာကို နောက်ဆုံးအနေနဲ့ ကျွန်တော့်ဘက်က ပြောလိုပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ အစိုးရရှေ့နေချုပ်ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်ပါတယ်။