Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ဘုန်းကြီး​ကျောင်းများသို့ မဲစာရင်းဝါဒဖြန့်စာအုပ်များဖြန့်​ဝေ

“စာအုပ်တွေ ဝေမယ်လို့တော့ ကြားတယ်။ ဒါတွေက အလိမ်အညာတွေပဲ။ မဲလိမ်မဲခိုးတာက စစ်ကောင်စီပဲ။ ဒီလိုနည်းပဲ သိမ်းသွင်းလို့ရမယ်လို့ ထင်နေတာကိုက စစ်ကောင်စီ ညံဖျင်းတာပေါ်လွင်တယ်”ဟု ရန်ကုန်မြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင်မသမာမှုများရှိသည်ဟုဆိုကာ အလိမ်အညာစာရင်းများဖန်တီးရေးသားထားသည့် မဲစာရင်းစစ်ဆေးတွေ့ရှိချက်ဆို​​​​​သောစာအုပ်ကို ဘုန်းကြီးကျောင်းများသို့ ဖြန့်ဝေဝါဒဖြန့်ရန် အာဏာသိမ်းစစ်ကောင်စီကညွှန်ကြားထားသည်ဟုသံဃာတော်အချို့ကမိန့်ကြားသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုအပေါ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာဟု အမည်ပေး ထားသော စာအုပ်ပေါင်း ၁၅၀၀၀ကို တိုင်းနှင့်ပြည်နယ်အနှံ့ရှိ ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များသို့ သာသနာရေးဦးစီးဌာနမှတစ်ဆင့်အချိုးကျဖြန့်ဝေရန် အကြမ်းဖက်စစ်ကောင်စီကညွှန်ကြားထားခြင်းဖြစ်သည်။

“စာအုပ်တွေ ဝေမယ်လို့တော့ ကြားတယ်။ ဒါတွေက အလိမ်အညာတွေပဲ။ မဲလိမ်မဲခိုးတာက စစ်ကောင်စီပဲ။ ဒီလိုနည်းပဲ သိမ်းသွင်းလို့ရမယ်လို့ ထင်နေတာကိုက စစ်ကောင်စီ ညံဖျင်းတာပေါ်လွင်တယ်”ဟု ရန်ကုန်မြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

အဆိုပါဝါဒဖြန့်စာအုပ်များကို နိုင်ငံ​​တော်အဆင့် ဆရာ​​တော်ကြီးများအတွက် တစ်ပါးလျှင်တစ်အုပ် ၊တိုင်းနှင့်ပြည်နယ် သံဃာ့နယကအဖွဲ့တစ်ဖွဲ့လျှင် ၃ အုပ်၊ မြို့နယ်သံဃာ့နယကအဖွဲ့များအတွက်တစ်ဖွဲ့လျှင် ၂ အုပ်၊ ၂၅ ပါးနှင့်အထက် ပရိယတ္တိစာသင်တိုက်များအတွက် တစ်တိုက်လျှင် ၁ အုပ်၊ ၅၀ ပါးနှင့်အထက် ပရိယတ္တိစာသင်တိုက်များအတွက် တစ်တိုက်လျှင် ၂ အုပ်၊ ၁၀၀ ပါးနှင့်အထက် ပရိယတ္တိစာသင်တိုက်များအတွက် တစ်တိုက်လျှင် ၃ အုပ်၊ ဘုန်း​တော်ကြီး​ကျောင်းများနှင့် သီလရှင်​ကျောင်းများအတွက် တစ်​ကျောင်းလျှင် ၁ အုပ် ခွဲ​ဝေဖြန့်ချီရမည်ဟု၍ညွန်ကြားထားသည်ကို ​ပေါက်ကြားလာ​သောစာတွင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကလိမ်လည်ပြုစုထားသည့် မဲစာရင်းကို ဘုန်းကြီးကျောင်းများသို့ဝေရန်ကြိုးစားနေသော်လည်းပြည်သူ့ဘက်တွင် ရပ်တည်သော သံဃာတော်များကမူ စစ်ကောင်စီကို ဆန့်ကျင်နေသည်။ မန္တလေးမြို့တွင် သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၀ ရက်ညတွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

၂၀၂၀ ​ရွေး​ကောင်ပွဲတွင် မဲစာရင်းမှားယွင်းမှုများကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က သုံးကြိမ်တိုင် ပြင်ဆင်ခွင့်​ပေးခဲ့ပြီး ၊စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ ဖိအား​ပေး​နှောက်ယှက်မှုများ၊ကမ္ဘာကပ်​ရောဂါကြားမှ ​ရွေး​ကောက်ပွဲကို ​အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ခြိမ်း​ခြောက်မှုနှင့် ကပ်​ရောဂါကြားမှ ပြည်သူများက စံချိန်တင်မဲထွက်​ပေးကာ ​ရွေး​ကောင်ပွဲ​နေ့တွင် အငြင်းပွားမှု အနည်းငယ်ဖြင့် ​အောင်မြင်စွာကျင်းပနိုင်ခဲ့သဖြင့် ပြည်တွင်းပြည်ပမှ ​ရွေး​ကောက်ပွဲ​စောင့်ကြည့်​သောအဖွဲ့အားလုံးက လွတ်လပ်မျှတ​သော​ရွေး​ကောက်ပွဲဟု အသိ့အမှတ်ပြုခဲ့ကြသည်။ သို့​သော် အာဏာလု စစ်​ကောင်စီက မဲစာရင်းမှားယွင်းမှုများရှိသည်ဟု အ​ကြောင်းပြပြီး အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။