ကယားပြည်နယ် ၊လွိုင်ကော်မြို့မှာစစ်ကောင်စီတပ်တွေနဲ့ဒေသကာကွယ်ရေးတပ်တွေကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့နေပြည်တော်ခရီးစဉ်အတွင်းရရှိခဲ့တဲ့ တိုးတက်မှုတွေကို ထိခိုက်စေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထုတ်လာပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ၊ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေးအတွေ့အကြုံတွေကိုမျှဝေခဲ့တယ်လို့ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားပါတယ်။
ဒါအပြင် ကမ္ဘောဒီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အတွေ့အကြုံတွေကိုအလေးထားပြောခဲ့ပြီး အမျိုးသားရင်းကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဟာ သက်ဆိုင်သူတွေအားလုံး မပါဝင်ရင် အောင်မြင်မှုမရနိုင်ဘူးဆိုတာကိုထည့်သွင်းပြောခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့် သက်ဆိုင်သူအားလုံးဟာ အပစ်အခတ်ရပ်စဲကာ အကြမ်းဖက်မှုအားလုံးကို ရပ်ပြီးတွေ့ဆုံဆွေးနွေးမှုကိုစသင့်ကြောင်းနဲ့ ဒီလမ်းကြောင်းကသာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကိုဆောင်ကျဉ်းနိုင်မယ်လို့လည်း ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

Public Service Announcement
လွိုင်ကော်က တိုက်ပွဲတွေ မှာ စစ်ကောင်စီတပ်တွေဟာအထိနာနေတာကြောင့် လေကြောင်းကနေတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်နေတာပါ။
ဒေသခံတွေကတော့ တိုက်ပွဲကြောင့် မြို့ကိုစွန့်ခွာကာ အနီးအနားက မြို့တွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
