Connect with us

Hi, what are you looking for?

News

လွိုင်ကော်ကတိုက်ပွဲတွေကြောင့် ဟွန်ဆန်ရဲ့ခရီးစဉ်အတွင်းရခဲ့တဲ့ တိုးတက်မှုထိခိုက်စေတယ်လို့ ကမ္ဘောဒီးယားဘက်ကထုတ်ပြော

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ၊ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေးအတွေ့အကြုံတွေကိုမျှဝေခဲ့တယ်လို့ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

ကယားပြည်နယ် ၊လွိုင်ကော်မြို့မှာစစ်ကောင်စီတပ်တွေနဲ့ဒေသကာကွယ်ရေးတပ်တွေကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့နေပြည်တော်ခရီးစဉ်အတွင်းရရှိခဲ့တဲ့ တိုးတက်မှုတွေကို ထိခိုက်စေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထုတ်လာပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး ၊ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေးအတွေ့အကြုံတွေကိုမျှဝေခဲ့တယ်လို့ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

ဒါအပြင် ကမ္ဘောဒီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အတွေ့အကြုံတွေကိုအလေးထားပြောခဲ့ပြီး အမျိုးသားရင်းကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဟာ သက်ဆိုင်သူတွေအားလုံး မပါဝင်ရင် အောင်မြင်မှုမရနိုင်ဘူးဆိုတာကိုထည့်သွင်းပြောခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် သက်ဆိုင်သူအားလုံးဟာ အပစ်အခတ်ရပ်စဲကာ အကြမ်းဖက်မှုအားလုံးကို ရပ်ပြီးတွေ့ဆုံဆွေးနွေးမှုကိုစသင့်ကြောင်းနဲ့ ဒီလမ်းကြောင်းကသာ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကိုဆောင်ကျဉ်းနိုင်မယ်လို့လည်း ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

လွိုင်ကော်က တိုက်ပွဲတွေ မှာ စစ်ကောင်စီတပ်တွေဟာအထိနာနေတာကြောင့် လေကြောင်းကနေတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်နေတာပါ။

ဒေသခံတွေကတော့ တိုက်ပွဲကြောင့် မြို့ကိုစွန့်ခွာကာ အနီးအနားက မြို့တွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။