Connect with us

Hi, what are you looking for?

News

ဘဘာဝဓာတ်ငွေ့ကနေ ရနေတဲ့ စစ်ကောင်စီရဲ့ဝင်ငွေကိုဖြတ်တောက်အရေးယူဖို့ ပြင်သစ်ရေနံကုမ္ပဏီ တိုတယ် ထောက်ခံ

တိုတယ်ကုမ္ပဏီနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဓာတ်ငွေ့က ဝင်ငွေ ကို အရေးယူဖို့ ထောက်ခံလိုက်ပြီဖြစ်တဲ့အတွက် အမေရိကန်နဲ့ ဥရောပသမဂ္ဂ တို့ဟာ အရေးယူ‌‌ရေးခပ်မြန်မြန်ဆောင်ရွက်ရမယ်လို့ HRW ကတိုက်တွန်းထားတာတွေ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့အဓိက ဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေ လမ်းကြောင်းကိုပိတ်ပစ်မယ့် စီးပွားရေးပိတ်ဆို့အရေးယူမှုကို ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်က ထောက်ခံလိုက်ပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်‌‌အဖွဲ့(HRW )က ဇန်နဝါရီလ ၂၀ ရက်မှာထုတ်ပြန်အသိပေးလိုက်ပါတယ်။

တိုတယ်ရေနံကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ် တွေကစတင်ပြီး ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကိုလုပ်ကိုင်နေတာပါ။

ဒါကြောင့် စစ်ကောင်စီရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) ကို နှစ်စဉ်ဒေါ်လာသန်းနဲ့ချီပြီး တိုတယ်ကုမ္ပဏီက အခွန်ပေးဆောင်နေရတာဖြစ်ပါတယ်။

တိုတယ်ကုမ္ပဏီနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဓာတ်ငွေ့က ဝင်ငွေ ကို အရေးယူဖို့ ထောက်ခံလိုက်ပြီဖြစ်တဲ့အတွက် အမေရိကန်နဲ့ ဥရောပသမဂ္ဂ တို့ဟာ အရေးယူ‌‌ရေးခပ်မြန်မြန်ဆောင်ရွက်ရမယ်လို့ HRW ကတိုက်တွန်းထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

တိုတယ်ကုမ္ပဏီရဲ့ CEO ကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပိတ်ဆို့အရေးယူမှုဆုံးဖြတ်ချက်တွေကို လိုက်နာသွားမှာဖြစ်တဲ့အပြင် အကောင်အထည်ဖော်မှုအပိုင်းပါ ထောက်ခံသွားမယ်လို့ ဆိုထားပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ MOGE ထံ ငွေကြေးစီးဆင်းမှုကိုဖြတ်တောက်ဖို့ ဥပဒေရေးရာမူဘောင်ချမှတ်နိုင်ရေးအတွက် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုတယ်ကုမ္ပဏီက ပန်ကြားထားတယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီဟာ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ တစ်ဘီလီထက်မနည်းဝင်ငွေရနေတာပါ။

ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီ ဆီ စီးဆင်းနေတဲ့ ဝင်ငွေတွေကိုဖြတ်တောက်နိုင်ဖို့အတွက် ပြည်တွင်း ပြည်ပက စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေဟာ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။

ဒီလှုပ်ရှားမှုဟာဆိုရင်တော့ စစ်ကောင်စီကိုအခွန်ပေးမဆောင်တာအပြင် အဓိက ဝင်ငွေရနေတဲ့လမ်းကြောင်းတွေကိုဖြတ်တောက်ဖို့ဖြစ်ပါတယ်။

လတ်တလောမှာတော့ သဘာဝဓာတ်ငွေ ဝင်ငွေတွေကိုအရေးယူပိတ်ဆို့ဖို့ အမေရိကန်သမ္မတနဲ့ ပြင်သစ်သမ္မတ တို့ ထံကိုတောင်းဆိုလက်မှတ်ရေးထိုးတာတွေလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။