Connect with us

Hi, what are you looking for?

News

ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ် မြန်မာ့ရေနံလုပ်ကွက်ကို ကျောခိုင်းတော့မယ်

လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်အစိုးရ ဝင်ငွေမရဖို့အတွက် အဲဒီအချိန်ကတည်းက တိုတယ်ကို ပြင်းပြင်းထန်ထန်ဝေဖန်တာ၊ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ တိုက်တွန်းတောင်းဆိုတာတွေရှိခဲ့ပါတယ်။

ပြင်သစ်ရေနံကုမ္ပဏီတိုတယ်ဟာ မြန်မာနိုင်ငံက ရေနံသဘာဝဓာတ်ငွေ့လုပ်ကွက်တွေကနေ နှုတ်ထွက်တော့မယ်လို့ ပြောလိုက်တဲ့အကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။

တိုတယ်ဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရ လက်ထက် ၁၉၉၀ လွန်ကာလတွေကစတင်ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နေတဲ့ စွမ်းအင်ကုမ္ပဏီဖြစ်ပါတယ်။

ဒါအပြင် နှစ်စဉ် အခွန် ဒေါ်လာသန်းနဲ့ချီပြီးပေးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုပါ။

လူ့အခွင့်အရေးချိုးဖောက်တဲ့ စစ်အစိုးရ ဝင်ငွေမရဖို့အတွက် အဲဒီအချိန်ကတည်းက တိုတယ်ကို ပြင်းပြင်းထန်ထန်ဝေဖန်တာ၊ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ တိုက်တွန်းတောင်းဆိုတာတွေရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၁ ခုနှစ်မှာ စစ်တပ်က ထပ်မံအာဏာသိမ်းပြီးတဲ့နောက်မှာလည်း တိုတယ်ဟာ ဒီလိုအခြေအနေမျိုးကိုထပ်ကြုံလာရတာပါ။

ပြည်သူကိုအကြမ်းဖက်နှိပ်စက်သတ်ဖြတ်တဲ့ စစ်ကောင်စီရဲ့ အသက်သွေးကြောကို ဖြတ်တောက်နိုင်ဖို့ အတွက် စစ်ကောင်စီ ကိုအခွန်မဆောင်ဖို့ တိုတယ်ကို ဖိအားပေးတာတွေရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တိုတယ်ဟာ စစ်ကောင်စီဆီ စီးဆင်းနေတဲ့ဝင်ငွေကို အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ထောက်ခံလာရပါတယ်။

မနေ့က ဇန်နဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်တဲ့ နယူးယော့ခ်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး (HRW ) ရဲ့သတင်းထုတ်ပြန်ချက်မှာဆို စစ်ကောင်စီအပေါ် အမေရိကန်နဲ့ ဥရောပသမဂ္ဂ တို့ရဲ့အရေးယူပိတ်ဆို့မှုတွေကိုလိုက်နာမယ့်အပြင် အကောင်အထည်ဖော်မှုကိုပါတိုတယ်က ထောက်ခံသွားမယ်လို့ပြောတဲ့အကြောင်းဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။