Connect with us

Hi, what are you looking for?

LuduNwayOo

News

ခရီးသွားယာဥ်များအား​ရှောင်တခင်စစ်​ဆေးမည်ဖြစ်၍ ကြည်ဖြူစွာ လက်ခံ​ပေးရန် တန်ဆည်ပကဖ​ မေတ္တာရပ်ခံ

စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှကို ဖြိုချမည်ဖြစ်ပြီး ပြည်သူကို ထိခိုက်စေမည့် လုပ်ရပ်များ လုပ်ဆောင်မည်မဟုတ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့ကပြောသည်။ပြည်သူ့ ကာကွယ်​ရေးအဖွဲ့ (ပကဖ)သည် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကာကွယ်​ရေးဝန်ကြီးဌာနကဖွဲ့စည်း​ပေးထား​သော အဖွဲ့များဖြစ်သည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ခရီးသွားယာဥ်များအား ရှောင်တခင်စစ်ဆေးနေပြီး ခရီးသွားယာဉ်များပေါ်၌ စစ်ကောင်စီ၏ ထောက်တိုင်ပစ္စည်းများကို တင်ဆောင်ခြင်းမပြုကြပါရန် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မေတ္တာရပ်ခံသည်။

တန့်ဆည်မြို့နယ်အတွင်းတွင် နယ်မြေစိုးမိုးမှုရရှိစေရန် ရည်ရွယ်၍ ခရီးသွားယာဉ်များအား မိမိတို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ မဟာမိတ်အဖွဲ့များနှင့် Local PDF များမှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ ရှောင်တခင်စစ်ဆေးမှုများကို ခရီးသွားမိဘပြည်သူများအနေဖြင့် ကြည်ဖြူစွာ လက်ခံပေးပါရန် မေတ္တာရပ်ခံပြီး အများပြည်သူအား စိတ်အနှောက်အယှက် မဖြစ်စေရန် မိမိတို့အဖွဲ့များမှ တာဝန်ယူအာမခံကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေးသည်။

ထို့အပြင် ခရီးသွားယာဉ်များပေါ်၌ စစ်ကောင်စီ၏ ထောက်တိုင်ပစ္စည်းများကို တင်ဆောင်ခြင်းမပြုကြပါရန် လေးနက်စွာ မေတ္တာရပ်ခံကြောင်း၊ အကယ်၍ တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိပါက ဖြစ်ပေါ်လာသည့်အကျိုးဆက်များကို တာဝန်ယူဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်ဆေးဂိတ် မလုပ်နိုင်ပါဘူး။ လမ်းမပေါ်မှာပဲ ရှောင်တခင်ထွက်နိုင်တာပါ။ စစ်ကောင်စီ ထုတ်တဲ့ ပစ္စည်း ပါ မပါ လည်း စစ်ချင်တာဗျ။စစ်ကောင်စီ ထောက်တိုင်တွေကို ဖြိုကို ဖြိုရမယ်ကျည်ဆံဖိုးတွေ ပေးလို့မရဘူးဗျ။”ဟု တန့်ဆည် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ဖြေကြားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ထောက်တိုင်မှန်သမျှကို ဖြိုချမည်ဖြစ်ပြီး ပြည်သူကို ထိခိုက်စေမည့် လုပ်ရပ်များ လုပ်ဆောင်မည်မဟုတ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့ကပြောသည်။ပြည်သူ့ ကာကွယ်​ရေးအဖွဲ့ (ပကဖ)သည် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကာကွယ်​ရေးဝန်ကြီးဌာနကဖွဲ့စည်း​ပေးထား​သော အဖွဲ့များဖြစ်သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များအား တန့်ဆည်မြို့နယ်၊သဲစားကျေးရွာ အရှေ့ဘက် ဆည်ဘောင်အနီးတွင် တန့်ဆည်မြို့နယ် PDF တပ်ရင်း( ၁၀ )နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၅ယောက်ခန့်သေဆုံးပြီး တပ်ရင်း (၁၀) မှ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

စစ်တပ်သည် ချင်းပြည်အတွင်းသို့ အများပြည်သူ ခရီးသွား ယာဉ်များ အသုံးပြုကာ အရပ်ဝတ်ဖြင့် ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာအင်အားဖြည့်တင်းလျက်ရှိနေ၍ ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားလျင် ပြည်သူများအား ယုတ်မာစွာပစ်မှတ်ထား တိုက်ခိုက်နေသည်ကိုတွေ့ကြုံနေရပြီး တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်နေသယောင်သတင်းအမှားများထုတ်လွှင့်လျက်ရှိနေသည်ဟု ဖော်ပြသည်။

သတင်း

“ကိုယ်မကျွမ်းကျင်တဲ့နေယ်မြေ အမိန့်ပေးတိုင်း တက်ပြီး တိုက်ပွဲတွေလာလုပ်ပြီး ထိခိုက်ပျက်စီး သေဆုံးတာထက်စာရင် အချိန်ရှိခိုက် ပြည်သူရင်ခွင်လာရောက်ခိုလှုံပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။