Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီ​တပ်ကရေယာဥ်တိုက်ခိုက်ခံရပြီး​နောက်ကနီရှိကျေးရွာနှစ်ရွာကိုမီးရှို့ ၊အိမ် ၄၀ ကျော်မီး​​လောင်ဆုံးရှုံး

ဒေသခံများလည်းထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ၏ရေယာဥ်တစ်စီးမှာစက်ချိူ့ယွင်းနေသဖြင့် ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိချိန် ကမ်းနံဘေးရွာများအား ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(​ပြည်သူများ၏နေအိမ်များ မီး​​လောင်ပြီး​နောက်​တွေ့ရစဥ် ဓါတ်ပုံ-ကနီPDF /ချင်းတွင်းချစ်သူ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီးမီးရှို့သဖြင့် ​နေအိမ် ၃၁ လုံးပျက်စီးဆုံးရှုံးသွားကြောင်း ကနီ PDF ကထုတ်ပြန်သည်။

ယမန်နေ့က ချင်းတွင်းမြစ်အတွင်းဆန်တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသတွင်း PDFအဖွဲ့များက နှစ်နေရာခွဲကာတိုက်ခိုက်ခဲ့သဖြင့် စစ်​​ကောင်စီ​ရေယာဥ်တစ်စီးပျက်စီးခဲ့သည်။ ထို​နောက် ဇန်နဝါရီ ၂၂ ရက်တွင် မု​ဌောအ​ရှေ့ရွာရှိ ​နေအိမ် ၁၁ လုံးကို စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့သည်။ ထိုအပြင် ယနေ့ (ဇန်နဝါရီလ ၂၃ရက်) နံနက် ၁၀ နာရီခန့်တွင် ကနီမြို့နယ် နတ်ကြီးကျေးရွာကို ဝင်ရောက်ရှာဖွေဖျက်ဆီးမှုများပြုလုပ်ပြီး ၊ရွာ၏အရှေ့တောင်ပိုင်းမှစ၍နေအိမ်များကို မီးရှိူ့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(​ပြည်သူများ၏နေအိမ်များ မီး​​လောင်ပြီး​နောက်​တွေ့ရစဥ် ဓါတ်ပုံ-ကနီPDF /ချင်းတွင်းချစ်သူ)

ဒေသခံများလည်းထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ၏ရေယာဥ်တစ်စီးမှာစက်ချိူ့ယွင်းနေသဖြင့် ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိချိန် ကမ်းနံဘေးရွာများအား ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကနီမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ ( ကနီ PDF )ကယ​နေ့ည​နေတွင်သတင်းထုတ်ပြန်ရာ နတ်ကြီး​ကျေးရွာရှိ အိမ် ၃၁ လုံးမီး​လောင်ပျက်စီးခဲ့​ကြောင်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယမန်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ ရေယာဉ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နှစ်​နေရာတွင်တိုက်ခိုက်ခဲ့ရာ တစ်စီးမီးစွဲလောင်ခဲ့သည်။​ရေယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရပြီး​နောက်အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေယာဥ်အုပ်စုမှလည်း ချင်းတွင်းမြစ်ကမ်းဝဲယာရှိ ကျေးရွာများကို တရစပ် လက်နက်ကြီးငယ်များဖြင့်ပစ်ခတ်ခဲ့သည်။

ထို​နောက်ကနီမြို့နယ် မုဌောအရှေ့ရွာအရောက်တွင် ကမ်းကပ်ရပ်နားကာ ဒေသခံ တံငါသည်အများစုနေထိုင်ရာ နေအိမ် လေးလုံးကို စစ်ကောင်စီတပ်က စတင်မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ထိုရွာရှိ အိမ် ၁၁လုံးမီး​လောင်ဆုံးရှုံးခဲ့သည်။

ထိုအပြင်စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ကနီမြို့နယ်တွင်းကျေးရွာများမှ ဒေသခံ ၇၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။