Connect with us

Hi, what are you looking for?

LuduNwayOo

News

ပင်လည်ဘူးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၀ကျော်သေဟု PR ထုတ်ပြန်

“တိုက်ပွဲများလေး ပြည်သူတွေရဲ့ထောက်ပံ့မှု၊ ကူညီဖေးမမှုဟာလည်း လိုကိုလိုအပ်လာပါတယ်။ဒါကြောင့်မို့ ကျနော်ပင်လည်ဘူးကို တတ်နိုင်သလောက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးနိုင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ” ဟုလည်း PRကဖော်ပြထားသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်လည်ဘူးမြို့ ဒေသခံများ ချီတက်လှည့်လည်ဆန္ဒပြနေသည်ကို ‌ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက တွေ့ရစဥ်၊ ဓာတ်ပုံ - Naing Zin Lat)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ပေါ် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ အရာရှိ ၂ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ထက်မနည်း သေဆုံးခဲ့ကြောင်းပင်လယ်ဘူး​တော်လှန်​ရေး (Pinlebu Revolution-PR)က သတင်းထုတ်ပြန်သည်။

ပင်လယ်ဘူး​တော်လှန်​ရေး- PR ​ဖေစ်ဘွခ် စာမျက်နှာသည် ပင်လယ်ဘူး မြို့နယ်အတွင်း အကြမ်းဖက်စစ်​ကောင်စီကို ​တော်လှန်​​သောသတင်းများ၊ဆက်စပ်သတင်းများကို ပုံမှန်ထုတ်ပြန်​နေ​သော စာမျက်နှာ ဖြစ်သည်။

ဇန်နဝါရီ ၁၈ရက်က ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး ၆ဦးကိုအရှင်ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး P R တိုက်ပွဲအကျဉ်းကို ယနေ့ ထုတ်ပြန်ရာ “ သတင်းကောင်းကတော့ ပင်လည်ဘူးမြို့ စခ၊ ရခများနေထိုင်ရာ မြို့ပေါ်ခွေးစခန်းတိုက်ပွဲတွင် စခအကောင်ကြီး အမြီးရှည် ၂ကောင်ဂန့်ပီး၊ နောက်လိုက် စခ အကောင်(၂၀) ထက်မနည်း ဂန့်သည်ဟု သိရှိရပါသည်။ စိတ်မကောင်းစရာ သတင်းကတော့ ကျနော့်တို့ ရဲဘော်နှစ်ယောက်နှင့် လဲလိုက်ရတယ်။ မတန်လွန်းပါဘူးဗျာ။ ကျန်ရဲဘော်တွေထိခိုက်ဒဏ်ရာရရှိကြပေမယ့် အားလုံးအဆင်ပြေနေပါပြီ” ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၈က ပင်လယ်ဘူး မြို့တွင် နံနက်အ​စောမှစ၍ အကြမ်းဖက်စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ​သေဆုံး၊ ဒဏ်ရာရရှိသူများပြားပြီး အထိ့နာသဖြင့် ​လေ​ကြောင်းမှ အကူ​ပေးခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။တိုက်ပွဲမှာ နာရီ​ပေါင်းများစွာကြာခဲ့သည်။

စစ်ကောင်စီတပ်များသည် ကြွက်မနိုင် ကျီမီးနှင့်ရှို့သည့် အကျင့်ဆိုး သန္ဓေဆိုး ရှိနေ၍ မြို့နေပြည်သူများ မြို့ပေါ်မှ တိမ်းရှောင်နေရကြောင်း၊ စစ်ကောင်စီတပ်က မြို့ပေါ်ရှိ နေအိမ်အချို့၊ ဆေးဆိုင်၊ ကုန်စုံဆိုင် တို့ကို ဖောက်ထွန်းပြီး ၎င်းတို့ လိုချင်သည်များကို ယူဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုအပြင် စစ်​ကောင်စီတပ်က အထိ့နာပြီး​နောက် ယခုရက်ပိုင်းအတွင် စစ​ကောင်စီတပ်သားများ ၊လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ​လေယာဥ်ဖြင့် ထပ်မံပို့​ပေး​နေ​ကြောင်းလည်း ​PR က​ဖော်ပြထာသည်။

“တိုက်ပွဲများလေး ပြည်သူတွေရဲ့ထောက်ပံ့မှု၊ ကူညီဖေးမမှုဟာလည်း လိုကိုလိုအပ်လာပါတယ်။ဒါကြောင့်မို့ ကျနော်ပင်လည်ဘူးကို တတ်နိုင်သလောက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးနိုင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ” ဟုလည်း PRကဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။