Connect with us

Hi, what are you looking for?

News

ပင်လည်ဘူးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၀ကျော်သေဟု PR ထုတ်ပြန်

“တိုက်ပွဲများလေး ပြည်သူတွေရဲ့ထောက်ပံ့မှု၊ ကူညီဖေးမမှုဟာလည်း လိုကိုလိုအပ်လာပါတယ်။ဒါကြောင့်မို့ ကျနော်ပင်လည်ဘူးကို တတ်နိုင်သလောက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးနိုင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ” ဟုလည်း PRကဖော်ပြထားသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်လည်ဘူးမြို့ ဒေသခံများ ချီတက်လှည့်လည်ဆန္ဒပြနေသည်ကို ‌ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက တွေ့ရစဥ်၊ ဓာတ်ပုံ - Naing Zin Lat)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ပေါ် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ အရာရှိ ၂ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ထက်မနည်း သေဆုံးခဲ့ကြောင်းပင်လယ်ဘူး​တော်လှန်​ရေး (Pinlebu Revolution-PR)က သတင်းထုတ်ပြန်သည်။

ပင်လယ်ဘူး​တော်လှန်​ရေး- PR ​ဖေစ်ဘွခ် စာမျက်နှာသည် ပင်လယ်ဘူး မြို့နယ်အတွင်း အကြမ်းဖက်စစ်​ကောင်စီကို ​တော်လှန်​​သောသတင်းများ၊ဆက်စပ်သတင်းများကို ပုံမှန်ထုတ်ပြန်​နေ​သော စာမျက်နှာ ဖြစ်သည်။

ဇန်နဝါရီ ၁၈ရက်က ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး ၆ဦးကိုအရှင်ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး P R တိုက်ပွဲအကျဉ်းကို ယနေ့ ထုတ်ပြန်ရာ “ သတင်းကောင်းကတော့ ပင်လည်ဘူးမြို့ စခ၊ ရခများနေထိုင်ရာ မြို့ပေါ်ခွေးစခန်းတိုက်ပွဲတွင် စခအကောင်ကြီး အမြီးရှည် ၂ကောင်ဂန့်ပီး၊ နောက်လိုက် စခ အကောင်(၂၀) ထက်မနည်း ဂန့်သည်ဟု သိရှိရပါသည်။ စိတ်မကောင်းစရာ သတင်းကတော့ ကျနော့်တို့ ရဲဘော်နှစ်ယောက်နှင့် လဲလိုက်ရတယ်။ မတန်လွန်းပါဘူးဗျာ။ ကျန်ရဲဘော်တွေထိခိုက်ဒဏ်ရာရရှိကြပေမယ့် အားလုံးအဆင်ပြေနေပါပြီ” ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၈က ပင်လယ်ဘူး မြို့တွင် နံနက်အ​စောမှစ၍ အကြမ်းဖက်စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ​သေဆုံး၊ ဒဏ်ရာရရှိသူများပြားပြီး အထိ့နာသဖြင့် ​လေ​ကြောင်းမှ အကူ​ပေးခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။တိုက်ပွဲမှာ နာရီ​ပေါင်းများစွာကြာခဲ့သည်။

စစ်ကောင်စီတပ်များသည် ကြွက်မနိုင် ကျီမီးနှင့်ရှို့သည့် အကျင့်ဆိုး သန္ဓေဆိုး ရှိနေ၍ မြို့နေပြည်သူများ မြို့ပေါ်မှ တိမ်းရှောင်နေရကြောင်း၊ စစ်ကောင်စီတပ်က မြို့ပေါ်ရှိ နေအိမ်အချို့၊ ဆေးဆိုင်၊ ကုန်စုံဆိုင် တို့ကို ဖောက်ထွန်းပြီး ၎င်းတို့ လိုချင်သည်များကို ယူဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုအပြင် စစ်​ကောင်စီတပ်က အထိ့နာပြီး​နောက် ယခုရက်ပိုင်းအတွင် စစ​ကောင်စီတပ်သားများ ၊လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ​လေယာဥ်ဖြင့် ထပ်မံပို့​ပေး​နေ​ကြောင်းလည်း ​PR က​ဖော်ပြထာသည်။

“တိုက်ပွဲများလေး ပြည်သူတွေရဲ့ထောက်ပံ့မှု၊ ကူညီဖေးမမှုဟာလည်း လိုကိုလိုအပ်လာပါတယ်။ဒါကြောင့်မို့ ကျနော်ပင်လည်ဘူးကို တတ်နိုင်သလောက်ဝိုင်းဝန်းကူညီထောက်ပံ့ပေးနိုင်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ” ဟုလည်း PRကဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။