Connect with us

Hi, what are you looking for?

News

ပခုက္ကူ က​မ္ဘောဇဘဏ် မိုင်းခွဲသတိပေးခံရ

ဘဏ်အ​ဆောက်အအုံမှာပိတ်ထားပြီး ဘဏ်ခွဲအ​ဆောက်အအုံ​ရှေ့တွင် ဗုံး​ပေါက်ကွဲခဲ့သည်ကို ရုပ်သံဗီဒီယိုဖိုင်တွင်​တွေ့ရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ စစ်ကောင်စီ၏ထောက်တိုင်က​မ္ဘောဇဘဏ်( KBZ )ဘဏ်ခွဲတစ်ခုအား ရှေ့ထွက်မိုင်းအသုံးပြုဖောက်ခွဲခဲ့ကြောင်း ပခုက္ကူအခြေစိုက် Earthquake People’s Defence Force -UGအဖွဲ့ကသတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မွန်းလွဲ ၁၂း၅၄ အချိန်ကပခုက္ကူမြို့၊ ထင်းတန်းလမ်းပေါ်ရှိ KBZ ဘဏ်ခွဲအား Earthquake People’s Defence Force – UG က ရှေ့ထွက်မိုင်း အသုံးပြု၍ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ကမ္ဘောဇဘဏ်အနေဖြင့် ပြည်သူလူထု၏ သဘောထားကို အလေးထားသောအားဖြင့် မိမိတို့၏ Bank အကောင့်များကို ပြန်လည်ဖွင့်ပေးရန်နှင့် ဆက်လက်ပိတ်ပင်မှုများပြုလုပ်နေပါက မည်သူ့ကိုမျှ အသက်အာမခံ မရှိပါကြောင်း အသိပေးပြောကြားလိုက်သည်ဟု Earthquake People’s Defence Force – UGအဖွဲ့က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement

ဘဏ်အ​ဆောက်အအုံမှာပိတ်ထားပြီး ဘဏ်ခွဲအ​ဆောက်အအုံ​ရှေ့တွင် ဗုံး​ပေါက်ကွဲခဲ့သည်ကို ရုပ်သံဗီဒီယိုဖိုင်တွင်​တွေ့ရသည်။

ထိုသို့ ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး UG အဖွဲ့ မှ အထိအခိုက်မရှိ သက်ဆိုင်ရာစခန်းများသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော KBZ ဘဏ်များ ၊ Mytel ရုံးများကို ရှောင်နိုင်သမျှ ဝေးဝေးနေရန်ထပ်မံအသိပေးတောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့တွင်လည်း ယခင်ရက်ပိုင်းအတွင်းက အကြမ်းဖက်စစ်ကောင်စီအလိုကျ ဘဏ်အကောင့်များပိတ်ပင်နေသော ကမ္ဘောဇဘဏ်ခွဲများအား ဗုံးခွဲကာသတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေးရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။