Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော် – ဒီးမော့ဆို ကြားတိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

“မနက်ခင်းကတည်းက တောက်လျှောက် တိုက်ပွဲပြင်းထန်နေတာ။ အခုလည်း ၆မိုင်နဲ့စံပြ၊ ပန်ကန်းတကြော အဲဒီဘက်တွေမှာ ရဟတ်ယာဉ်သုံးပြီး ဒီနေ့ညနေမှာ သူတို့ ပစ်သွားတယ်” ဟု ၎င်းကဆိုသည်။

(ဓါတ်ပုံ- မြန်မာ-ထိုင်းနယ်စပ်ရှိ အာဏာသိမ်းစစ်​ကောင်စီစခန်းတစ်ခုကို ကရင်နီ​​​ဒေသခံကာကွယ်​​ရေးတပ်ဖွဲ့များက ဇန်နဝါရီလဆန်းတွင် သိမ်းပိုက်ခဲ့ပြီး​နောက် စစ်​ကောင်စီတပ်က ရဟတ်ယာဥ်အသုံးပြု လာ​ရောက်ပစ်ခတ်​ခဲ့ပုံ)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်နှင့် ဒီးမော့်ဆိုမြို့နယ်ကြားတွင် ယနေ့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၄ရက်) ညနေပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် နာရီဝက်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု လွိုင်ကော်ဒေသခံက ပြောသည်။

“မနက်ခင်းကတည်းက တောက်လျှောက် တိုက်ပွဲပြင်းထန်နေတာ။ အခုလည်း ၆မိုင်နဲ့စံပြ၊ ပန်ကန်းတကြော အဲဒီဘက်တွေမှာ ရဟတ်ယာဉ်သုံးပြီး ဒီနေ့ညနေမှာ သူတို့ ပစ်သွားတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်တောင်ကွဲစေတီအနီးရှိ တောင်ကုန်းပေါ် နေရာယူ၍ တင့်ကားများဖြင့်လည်း ပစ်ခတ်နေကြောင်းသိရသည်ဟု လွိုင်ကော်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခု ညနေ ၅နာရီ ၂၀မိနစ်အချိန်ထိ ပစ်ခတ်မှုများ ဆက်ရှိနေကြောင်း တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှု အခြေအနေများကိုမူ မကြားရသေးကြောင်း၎င်းကဆက်​ပြောသည်။

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ယခုလဆန်းမှစ၍ ကရင်နီဒေသ တော်လှန်ရေးတပ် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။