Connect with us

Hi, what are you looking for?

News

လွိုင်ကော် – ဒီးမော့ဆို ကြားတိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်

“မနက်ခင်းကတည်းက တောက်လျှောက် တိုက်ပွဲပြင်းထန်နေတာ။ အခုလည်း ၆မိုင်နဲ့စံပြ၊ ပန်ကန်းတကြော အဲဒီဘက်တွေမှာ ရဟတ်ယာဉ်သုံးပြီး ဒီနေ့ညနေမှာ သူတို့ ပစ်သွားတယ်” ဟု ၎င်းကဆိုသည်။

(ဓါတ်ပုံ- မြန်မာ-ထိုင်းနယ်စပ်ရှိ အာဏာသိမ်းစစ်​ကောင်စီစခန်းတစ်ခုကို ကရင်နီ​​​ဒေသခံကာကွယ်​​ရေးတပ်ဖွဲ့များက ဇန်နဝါရီလဆန်းတွင် သိမ်းပိုက်ခဲ့ပြီး​နောက် စစ်​ကောင်စီတပ်က ရဟတ်ယာဥ်အသုံးပြု လာ​ရောက်ပစ်ခတ်​ခဲ့ပုံ)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်နှင့် ဒီးမော့်ဆိုမြို့နယ်ကြားတွင် ယနေ့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၄ရက်) ညနေပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် နာရီဝက်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု လွိုင်ကော်ဒေသခံက ပြောသည်။

“မနက်ခင်းကတည်းက တောက်လျှောက် တိုက်ပွဲပြင်းထန်နေတာ။ အခုလည်း ၆မိုင်နဲ့စံပြ၊ ပန်ကန်းတကြော အဲဒီဘက်တွေမှာ ရဟတ်ယာဉ်သုံးပြီး ဒီနေ့ညနေမှာ သူတို့ ပစ်သွားတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်တောင်ကွဲစေတီအနီးရှိ တောင်ကုန်းပေါ် နေရာယူ၍ တင့်ကားများဖြင့်လည်း ပစ်ခတ်နေကြောင်းသိရသည်ဟု လွိုင်ကော်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခု ညနေ ၅နာရီ ၂၀မိနစ်အချိန်ထိ ပစ်ခတ်မှုများ ဆက်ရှိနေကြောင်း တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှု အခြေအနေများကိုမူ မကြားရသေးကြောင်း၎င်းကဆက်​ပြောသည်။

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ယခုလဆန်းမှစ၍ ကရင်နီဒေသ တော်လှန်ရေးတပ် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။