Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​​လေးလမ်း နှင့် ရွှေဘို-မန္တ​လေးလမ်းများကိုည၈နာရီ မှ မနက် ၄ နာရီအတွင်းခရီးမသွားရန်ထပ်မံသတိ​ပေး

ပိတ်ပင်ထားသည့် အချိန်အတွင်း ဖြတ်သန်းသွားလာပါက စစ်ကောင်စီတပ်ဖွဲ့ဟု သက်မှတ်မည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့်အခြေအနေအရပ်ရပ်အား ဖြတ်သန်းသူ၏ တာဝန်သာဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

မုံရွာ-မန္တလေးလမ်းနှင့် ရွှေဘို-မန္တလေးလမ်းများအား ည၈နာရီမှ နံနက် ၄ နာရီအတွင်း သွားလာအသုံးပြုခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထပ်မံသတိပေးလိုက်ပြီး မလိုက်နာဘဲသွားလာပါက သွားလာသူတို့၏တာဝန်သာဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးသည်။

တော်လှန်ရေးအောင်မြင်သည်အထိ ကျန်းမာရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စရပ်များမှလွဲ၍ မုံရွာ-မန္တလေးလမ်းမကြီးအား ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အသုံးပြုကြခြင်းကို ရှောင်ရှားပေးကြစေလိုကြောင်း People Defence Force (South Monywa)က ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အသိပေးခဲ့သည်။

ယနေ့ (ဇန်နဝါရီလ ၂၄ ရက်နေ့)တွင်လည်း အဆိုပါကြေညာချက်၌ ကားမှန်မချဘဲသော်လည်းကောင်း၊ အမြန်မောင်းနှင်ခြင်းကိုလည်းကောင်း တွေ့မြင်ခဲ့လျှင် အကြမ်းဖက်စစ်ကောင်စီတပ်ကားဟုယူဆပြီး မိုင်းခွဲခြင်း ပစ်ခတ်တိုက်ခက်ခြင်းများ ပြုလုပ်သွားမည်ဟု ဖြည့်စွက်ထုတ်ပြန်သည်။

အလားတူ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း စစ်ကိုင်း-မုံရွာလမ်းပိုင်းနှင့် စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းတွင် ခရီးသွားအိမ်စီးကားများ၊ Express ကားကြီးများ၊ ကုန်တင်ကားများ၊ ကျန်းမာရေးကားများ ည ၈ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းခြင်းမပြုရန် နောက်ဆုံးအကြိမ်အဖြစ် မေတ္တာရပ်ခံ သတိပေးကြောင်း ယနေ့ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

Public Service Announcement

Public Service Announcement

ပိတ်ပင်ထားသည့် အချိန်အတွင်း ဖြတ်သန်းသွားလာပါက စစ်ကောင်စီတပ်ဖွဲ့ဟု သက်မှတ်မည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့်အခြေအနေအရပ်ရပ်အား ဖြတ်သန်းသူ၏ တာဝန်သာဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

ကျန်းမာရေးနှင့်ပတ်သက်သော အရေးကြီးကိစ္စရပ်များကြောင့် မဖြစ်မနေ မုံရွာ-မန္တလေးလမ်းမကြီးအား အသုံးပြုမည်ဆိုပါက မည်သည့်ကားမဆို ကားမှန်များချ၍ သင့်တင့်သောအရှိန် (အမြန်မမောင်းပဲ) ဖြင့်သာ မောင်းနှင်သွားလာပေးကြစေလိုကြောင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအား အသုံးပြုခြင်းဆိုသည်မှာ ကားများသာမက ဆိုင်ကယ်၊ ခြေလျင် အစရှိသည့် ခရီးသွားလာသောမည်သူမဆိုကို ဆိုလိုခြင်းဖြစ်ပြီးယခု ကြေငြာချက်သည် ယနေ့မှစ၍ တော်လှန်ရေးအောင်မြင်သည့်အချိန်အထိ ထုတ်ပြန်ခြင်းဖြစ်ကြောင်း People Defence Force (South Monywa)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးနှင့် ရွှေဘို-မန္တလေးလမ်းမကြီးများပေါ်တွင်အကြမ်းဖက်စစ်ကောင်စီ၏ကားများ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း မုံရွာမြို့မှတောင်ဘက်သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးကို ညီနောင်အဖွဲ့က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်အရာရှိတစ်ဦးအပါအဝင် ကားပိ၍ သေသူ၊ မိုင်းထိမှန်၍သေသူစုစုပေါင်း ၂၀ ကျော်သေဆုံးသည်ဟု PDFအဖွဲ့များက အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ်မှာသပိတ်အင်အားစုတွေက ဦးဆောင်ပြီး အာဇာနည်နေ့လှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဒီကနေ့ (ဇူလိုင် ၁၅) ပြုလုပ်ခဲ့ပါတယ်။