Connect with us

Hi, what are you looking for?

News

သုတ်သင်ခံရသော ပျူစောထီးအိမ်သို့လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေ

ပစ်ခတ်ရှင်းလင်းမှုကြောင့် စစ်ကောင်စီတပ်မှ ကလော့နှင့် ချောင်းတောင်ကြား ရေသနုတ်ဘုရားကြီးအနီးသို့ ညနေ ၅ နာရီ ၅၀ ခန့်တွင် ဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ရာ မိုင်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆို သည်။

People's Spring
People's Spring

မွန်ပြည်နယ် ရေးမြို့နယ်တွင် ပျူစောထီးအဖွဲ့ ဒုခေါင်းဆောင်ဖြစ်သူတစ်ဦးအား သုတ်သင်ရှင်းလင်းပြီးနောက် လာရောက်ကြည့်ရှူ့သည့် စစ်ကောင်စီတပ်အား ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Ye Guerrilla Force – YGFက ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၄)ညနေ ၃ နာရီ ၄၅ခန့်တွင် ရေးမြို့ ရန်မျိုးအောင်ရပ်ကွက် သလ္လာဝတီ (၁)လမ်းရှိ ရန်မျိုးအောင်ပျူစောထီး ဒုခေါင်းဆောင် ရာဆင်းဆိုသူကို ၎င်း၏နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပစ်ခတ်ရှင်းလင်းမှုကြောင့် စစ်ကောင်စီတပ်မှ ကလော့နှင့် ချောင်းတောင်ကြား ရေသနုတ်ဘုရားကြီးအနီးသို့ ညနေ ၅ နာရီ ၅၀ ခန့်တွင် ဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ရာ မိုင်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆို သည်။

“လက်ရှိ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အဓိကထိုးကျွေးခံ ရဲတွေအနေနဲ့ ပြည်သူတွေဘက်ကို ပြတ်ပြတ်သားသား CDM ဝင်ဖို့ ပထမဦးစွာတိုက်တွန်းလိုပါတယ်။ ပြည်သူ့စစ်ဖွဲ့ထားတဲ့ ရွာပြည်သူစစ်များ၊ စစ်မှုထမ်းဟောင်းများကိုလည်း ဒီနေရာကနေ အေးအေးဆေးဆေးနုတ်ထွက်ပြီး ပြည်သူတွေနဲ့ ရပ်တည်ဖို့ တိုက်တွန်းလိုပါတယ်”ဟု YGF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် YGF အနေဖြင့် တော်လှန်ရေးအရှိန်မြှင့်ရန် လိုအပ်သည်များ ပြင်ဆင်ထားပြီးဖြစ်သောကြောင့် နစ်နာမှုမရှိစေရန် စစ်ဘက်ဆိုင် ရာဝန်ထမ်းများနှင့် အရပ်ဘက်ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူနှင့်အတူ အမြန်ဆုံးပူးပေါင်းကြရန် YGF က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook