Connect with us

Hi, what are you looking for?

LuduNwayOo

News

သုတ်သင်ခံရသော ပျူစောထီးအိမ်သို့လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေ

ပစ်ခတ်ရှင်းလင်းမှုကြောင့် စစ်ကောင်စီတပ်မှ ကလော့နှင့် ချောင်းတောင်ကြား ရေသနုတ်ဘုရားကြီးအနီးသို့ ညနေ ၅ နာရီ ၅၀ ခန့်တွင် ဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ရာ မိုင်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆို သည်။

People's Spring
People's Spring

မွန်ပြည်နယ် ရေးမြို့နယ်တွင် ပျူစောထီးအဖွဲ့ ဒုခေါင်းဆောင်ဖြစ်သူတစ်ဦးအား သုတ်သင်ရှင်းလင်းပြီးနောက် လာရောက်ကြည့်ရှူ့သည့် စစ်ကောင်စီတပ်အား ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Ye Guerrilla Force – YGFက ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၄)ညနေ ၃ နာရီ ၄၅ခန့်တွင် ရေးမြို့ ရန်မျိုးအောင်ရပ်ကွက် သလ္လာဝတီ (၁)လမ်းရှိ ရန်မျိုးအောင်ပျူစောထီး ဒုခေါင်းဆောင် ရာဆင်းဆိုသူကို ၎င်း၏နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပစ်ခတ်ရှင်းလင်းမှုကြောင့် စစ်ကောင်စီတပ်မှ ကလော့နှင့် ချောင်းတောင်ကြား ရေသနုတ်ဘုရားကြီးအနီးသို့ ညနေ ၅ နာရီ ၅၀ ခန့်တွင် ဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ရာ မိုင်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆို သည်။

“လက်ရှိ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အဓိကထိုးကျွေးခံ ရဲတွေအနေနဲ့ ပြည်သူတွေဘက်ကို ပြတ်ပြတ်သားသား CDM ဝင်ဖို့ ပထမဦးစွာတိုက်တွန်းလိုပါတယ်။ ပြည်သူ့စစ်ဖွဲ့ထားတဲ့ ရွာပြည်သူစစ်များ၊ စစ်မှုထမ်းဟောင်းများကိုလည်း ဒီနေရာကနေ အေးအေးဆေးဆေးနုတ်ထွက်ပြီး ပြည်သူတွေနဲ့ ရပ်တည်ဖို့ တိုက်တွန်းလိုပါတယ်”ဟု YGF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် YGF အနေဖြင့် တော်လှန်ရေးအရှိန်မြှင့်ရန် လိုအပ်သည်များ ပြင်ဆင်ထားပြီးဖြစ်သောကြောင့် နစ်နာမှုမရှိစေရန် စစ်ဘက်ဆိုင် ရာဝန်ထမ်းများနှင့် အရပ်ဘက်ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူနှင့်အတူ အမြန်ဆုံးပူးပေါင်းကြရန် YGF က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။