Connect with us

Hi, what are you looking for?

News

သပိတ်ကျင်းမြို့နယ်အတွင်းရှိလမ်းပိုင်းများတွင်ည၇နာရီမှမနက်၆နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုရန်သတိ​ပေး

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ PDF တပ်သားသစ်များခေါ်ယူနေပြီး ရဲဘော်သစ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်၌ တာဝန်ထမ်းဆောင်ကြရမည်ဟု ထုတ်ပြန်အသိပေးထားသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး-ဗန်းမော်လမ်းနှင့် မန္တလေး-မိုးကုတ်လမ်း ဗျူဟာလမ်းရှိ သပိတ်ကျင်းမြို့နယ်အတွင်း လမ်းပိုင်းများအား ည ၇ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခြင်း မပြုကြရန် သပိတ်ကျင်း PDFအဖွဲ့က ယနေ့ ဇန်နဝါရီလ ၂၅ရက်နေ့တွင် သတိပေးကြေညာသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ပြင်ပသို့ လုံးဝမထွက်ကြရန် ထုတ်ပြန်ကြေညာပြီးဖြစ်သည်။ထ်ုအပြင်ယခုအခါ ပြည်သူ့ကားအယောင်ဆောင် အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့၏ ကားများကို တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မန္တလေး-ဗန်းမော်လမ်းနှင့် မန္တလေး-မိုးကုတ်လမ်း ဗျူဟာလမ်းရှိ သပိတ်ကျင်းမြို့နယ်အတွင်း လမ်းပိုင်းများအား ည ၇ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခြင်း မပြုကြရန်နှင့် တားမြစ်ထားမှုကိုမလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်ရလဒ်များအား တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်အသိပေးသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ ကားများနှင့် အနီးကပ် လိုက်ပါမောင်းနှင်ခြင်းမပြုကြရန်နှင့် စစ်ကောင်စီကားများနှင့် ကွဲပြားခြားနားစေရန် အိမ်စီးကားများကို မှန်တင်မောင်းနှင်ခြင်း၊ နောက်ဖုံးမိုးကာများအုပ်ကာ မောင်းနှင်ခြင်းများကို ရှောင်ရှားကြရန် သပိတ်ကျင်း PDFက သတိပေးထားသည်။

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ PDF တပ်သားသစ်များခေါ်ယူနေပြီး ရဲဘော်သစ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်၌ တာဝန်ထမ်းဆောင်ကြရမည်ဟု ထုတ်ပြန်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေရာ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

သတင်း

ဩဂုတ်-၂၀၊၂၀၂၅။သတိုး/People’s Spring မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၁၃)တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေးကျောင်း(တတက-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူက ပြောသည်။ “သပိတ်ကျင်းနဲ့မိုးကုတ်ကို ထိုးစစ်ဆင်ဖို့တပ်အထိုင်ထားတဲ့စခန်းလည်းဖြစ်တာမို့ သူတို့ကိုချေမှုန်းပေးခြင်းဖြင့် နယ်မြေခံတော်လှန်ရေးအင်အားစုတွေကို တဖက်တလမ်းက အားဖြည့်ပေးတဲ့မစ်ရှင်တခုပါပဲ” ဟု...

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇မိုင်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။