Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမြို့ရှိ ခိုးဆိုးလုနှိုက်အဖွဲ့တစ်ဖွဲ့အား တိုက်ခိုက်နှိမ်နင်းခဲ့ဟု ​ပြောက်ကျား တပ်ဖွဲ့ MRF အသိပေး

“သူတို့ ဝန်းထဲထည့်ခဲ့တာ။ အဲရပ်ကွက်အခံမေးကြည့်တာ ရဲတွေနဲ့ပတ်သတ်တဲ့ခေါင်းဆောင်ပိုင်း ရှောတယ်သိရတယ်”ဟု MRF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

(၂၀၂၁အတွင်းက မဟာအောင်မြေမြို့ နယ်တွင် လူသတ်၊ ပစ္စည်းခိုးသူတစ်ဦးကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့စဥ်၊ ဓာတ်ပုံ - CJ)

မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ခိုးဆိုးလုနှိုက်အဖွဲ့တစ်ဖွဲ့အား တိုက်ခိုက်နှိမ်နင်းခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force(MRF)က ယနေ့(ဇန်နဝါရီ ၂၆) ထုတ်ပြန်သည်။

ယမန်နေ့ည ၁၀ နာရီခန့်တွင် အမရပူရမြို့နယ် ဆွယ်တော်အနီး နတ်ရေကန်ရပ်ကွက်ရှိ စစ်ကောင်စီလက်ပါးစေ ခိုးဆိုးလုနှိုက်လူမိုက်အဖွဲ့တစ်ဖွဲ့တည်ရှိရာ ခြံဝင်းတစ်ခုအတွင်းသို့ ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သူတို့ ဝန်းထဲထည့်ခဲ့တာ။ အဲရပ်ကွက်အခံမေးကြည့်တာ ရဲတွေနဲ့ပတ်သတ်တဲ့ခေါင်းဆောင်ပိုင်း ရှောတယ်သိရတယ်”ဟု MRF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါလူမိုက်အဖွဲ့သည် မန္တလေးပြည်သူများထံမှ ဆိုင်ကယ်များ လုယက်ခြင်း၊ လူကို ဓားဖြင့် ခုတ်ခြင်း၊ ခိုးဝှက်ခြင်း စသည့်ပြစ်မှုများကို ကျူးလွန်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုများ နိုင်ငံတစ်ဝန်း ပိုမိုဖြစ်ပွားလျက်ရှိရာမန္တလေးမြို့တွင် ပြီးခဲ့သည့်နှစ် ၂၀၂၁အတွင်း ဆိုင်ကယ်လုယက်ခံရမှုများ မကြာခဏဖြစ်ပွားသည့်အပြင် နေအိမ်များ ဖောက်ထွင်းခံရခြင်း၊ အနုကြမ်းဆီး ဓားပြတိုက်ခိုက်ခံရခြင်းအပါအဝင် အများအပြား ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။