Connect with us

Hi, what are you looking for?

News

NUG မှ ဒီဇင်ဘာလအတွင်း လူသားချင်းစာနာမှုအကူအညီ ကျပ်သန်း ၂၁၀ ​ကျော်ဖိုးကူညီထောက်ပံ့

“စစ်တပ်က မတရားအာဏာသိမ်းမှုအပြင် မတရားဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်း ဖက် တိုက်ခိုက်မှုတို့ကြောင့် နေ့စဉ်နဲ့အမျှ စစ်ဘေးရှောင်အရေအတွက်များနှင့် ထိခိုက်ဒဏ် ရာရရှိမှု အရေအတွက်ဟာ တိုးပွားလျက်ရှိနေပါတယ်”ဟု NUG ၏ လူသားချင်းစာနာမှု ဝန် ကြီးဌာနက ဆထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူ သားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း လူသာချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ငွေကျပ် ၂၁၂ ဒဿမ ၂၆ သန်း ထောက်ပံ့နိုင်ခဲ့ကြောင်း ထုတ် ပြန်သည်။

အဆိုပါ ထောက်ပံ့မှုများတွင် နေရပ်စွန့်ခွာသူ များနှင့် စစ်ဘေးရှောင်များသို့ ၁၂၇.၄၅ သန်း၊ ကျဆုံးပုဂ္ဂိုလ်များနှင့် ဒဏ်ရာရသူများသို့ ၁၈.၁၀ သန်း၊ CDM ဝန်ထမ်းများသို့ ၁၀.၁၀ သန်း၊ CDM ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေး (၂)နှစ်အောက်ရှိ မိခင်များ၊ မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်ပြည်သူများသို့ ၈.၈၂ သန်း၊ တော်လှန်ရေးကာလ ပြည်သူများသို့ ရိက္ခာအဖြစ် ၃၄.၃၀ သန်းနှင့် အထွေထွေ လူ သားချင်းစာနာမှုအကူညီ ၁၃.၄၉ သန်း စသည်ဖြင့် အသီးသီးကူညီထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်တပ်က မတရားအာဏာသိမ်းမှုအပြင် မတရားဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်း ဖက် တိုက်ခိုက်မှုတို့ကြောင့် နေ့စဉ်နဲ့အမျှ စစ်ဘေးရှောင်အရေအတွက်များနှင့် ထိခိုက်ဒဏ် ရာရရှိမှု အရေအတွက်ဟာ တိုးပွားလျက်ရှိနေပါတယ်”ဟု NUG ၏ လူသားချင်းစာနာမှု ဝန် ကြီးဌာနက ဆထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများအား ထောက်ပံ့ကူညီရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိစေရန် ကားလိုင်းများတွင် ဆေးပစ္စည်း၊ စားသောက်စရာများ၊ အ ဝတ်အထည်များ စသည်တို့ကို တင်ဆောင်ခွင့် ပိတ်ပင်ခြင်း၊ ငွေကြေးစီးဆင်းမှုများ ရပ်တန့်စေရန် ဘဏ်အကောင့်များ၊ ငွေလွှဲဝန်ဆောင်မှုများကို နေ့စဉ်နှင့်အမျှ ပိတ်ပင်တားဆီးခြင်း များ လုပ်ဆောင်လျက် ရှိသည်ဟု ထုတ်​ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် ထိုကဲ့သို့ ပိတ်ပင်မှုများကြားမှပင် ထောက်ပံ့ပေးနိုင်ရေးအတွက် ပြည်တွင်း ပြည် ပမှ ဝိုင်းဝန်းလှူဒါန်းပေးကြသည့် မြန်မာနိုင်ငံသူသားများနှင့် နိုင်ငံခြားသားများကိုလည်း ကျေး ဇူးအထူးတင်ရှိကြောင်း ပါရှိသည်။

အာဏာသိမ်းလိုက်ခြင်းကြောင့် နိုင်ငံ့စီးပွား ရေးမှအစ အရာရာ နိမ့်ပါးလျက်ရှိနေပြီး အာဏာရှင်ယန္တရားကို အမြစ်ဖြတ်နိုင်မှသာ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးနှင့် အနာဂတ်လူငယ်များအတွက် တိုးတက်မှုများ ယူဆောင်နိုင်မည်ဖြစ်သောကြောင့် လက်ဆက်တိုက်ပွဲဝင်ကြရန် NUG ကနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။