Connect with us

Hi, what are you looking for?

News

အနာဂတ်မြန်မာနိုင်ငံကို ပုံဖော်မယ့် NUCC ရဲ့ ညီလာခံကို မနက်ဖြန်မှာ စတင်ကျင်းပမယ်

NUCC မှာ ဆွေးနွေးသဘောတူညီချက်တွေအရ NUG အစိုးရ ပေါက်ဖွားလာတာဖြစ်ပြီး NUCC က မူဝါဒတွေချမှတ်ကာ NUG က အကောင်အထည်ဖော်ရတာပါ။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် ကို အတည်ပြု နိုင်ဖို့အတွက် အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ပထမဆုံးအကြိမ် ပြည်သူ့ညီလာခံကိုမနက်ဖြန် ဇန်နဝါရီလ ၂၇ရက်မှာစတင်ကျင်းပတော့မယ်လို့သိရပါတယ်။

NUCC ဟာ စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးအရ အမြင့်ဆုံးမဟာမိတ်စုဖွဲ့ထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

NUCC မှာ ဆွေးနွေးသဘောတူညီချက်တွေအရ NUG အစိုးရ ပေါက်ဖွားလာတာဖြစ်ပြီး NUCC က မူဝါဒတွေချမှတ်ကာ NUG က အကောင်အထည်ဖော်ရတာပါ။

NUCC မှာဆိုရင် အာဏာသိမ်းတာကိုလက်မခံကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ ၊ CDM အင်အားစုတွေ ၊ အလုပ်သမားသမဂ္ဂတွေ ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ၊ သပိတ်ကော်မတီတွေပါဝင်ကြပါတယ်။

Public Service Announcement

Public Service Announcement

NUCC ဟာအနာဂတ်မှာ မြန်မာနိုင်ငံရှေ့ဆက်သွားမယ့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကို ရေးဆွဲနေကြတာဖြစ်ပြီး အဲဒီပဋိဉာဉ်ကို အခုပထမဆုံးအကြိမ် ကျင်းပမယ့် ပြည်သူ့ညီလာခံမှာအတည်ပြု နိုင်ဖို့ ကြိုးပမ်းကြမှာပါ။

NUCC ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရတော့ NUCC ရဲ့ ပြည်သူ့ညီလာခံကို ၆ လ ၁ကြိမ်ခေါ်ယူမှာဖြစ်ကာ NUCC ကို ပိုမိုအားကောင်းဖို့ ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဏ်ကို သုံးသပ်နိုင်ကြဖို့အဲဒီညီလာခံမှာဆွေးနွေးကြမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့...

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

Facebook