Connect with us

Hi, what are you looking for?

News

အနာဂတ်မြန်မာနိုင်ငံကို ပုံဖော်မယ့် NUCC ရဲ့ ညီလာခံကို မနက်ဖြန်မှာ စတင်ကျင်းပမယ်

NUCC မှာ ဆွေးနွေးသဘောတူညီချက်တွေအရ NUG အစိုးရ ပေါက်ဖွားလာတာဖြစ်ပြီး NUCC က မူဝါဒတွေချမှတ်ကာ NUG က အကောင်အထည်ဖော်ရတာပါ။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် ကို အတည်ပြု နိုင်ဖို့အတွက် အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ပထမဆုံးအကြိမ် ပြည်သူ့ညီလာခံကိုမနက်ဖြန် ဇန်နဝါရီလ ၂၇ရက်မှာစတင်ကျင်းပတော့မယ်လို့သိရပါတယ်။

NUCC ဟာ စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးအရ အမြင့်ဆုံးမဟာမိတ်စုဖွဲ့ထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

NUCC မှာ ဆွေးနွေးသဘောတူညီချက်တွေအရ NUG အစိုးရ ပေါက်ဖွားလာတာဖြစ်ပြီး NUCC က မူဝါဒတွေချမှတ်ကာ NUG က အကောင်အထည်ဖော်ရတာပါ။

NUCC မှာဆိုရင် အာဏာသိမ်းတာကိုလက်မခံကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ ၊ CDM အင်အားစုတွေ ၊ အလုပ်သမားသမဂ္ဂတွေ ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ၊ သပိတ်ကော်မတီတွေပါဝင်ကြပါတယ်။

Public Service Announcement

Public Service Announcement

NUCC ဟာအနာဂတ်မှာ မြန်မာနိုင်ငံရှေ့ဆက်သွားမယ့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကို ရေးဆွဲနေကြတာဖြစ်ပြီး အဲဒီပဋိဉာဉ်ကို အခုပထမဆုံးအကြိမ် ကျင်းပမယ့် ပြည်သူ့ညီလာခံမှာအတည်ပြု နိုင်ဖို့ ကြိုးပမ်းကြမှာပါ။

NUCC ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရတော့ NUCC ရဲ့ ပြည်သူ့ညီလာခံကို ၆ လ ၁ကြိမ်ခေါ်ယူမှာဖြစ်ကာ NUCC ကို ပိုမိုအားကောင်းဖို့ ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဏ်ကို သုံးသပ်နိုင်ကြဖို့အဲဒီညီလာခံမှာဆွေးနွေးကြမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက ယနေ့ ထုတ်ပြန်သည်။

သတင်း

သဘာဝဘေးဒဏ်သင့်ကာလအတွင်းတွင်ပါမရှောင် အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာက လက်တွေ့အရေးယူဆောင်ရွက်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းထုတ်ပြန်သည်။

အတွေးအမြင်

မြန်မာက ကမ္ဘာမှာဗိုလ်စွဲပါပြီ။ ဘိတ်ချီးနေရာကိုထာဝရ ကန်ထရိုက်စွဲထားခဲ့တဲ့နိုင်ငံ၊ ဘယ်သွားသွား မျက်နှာအောက်ချရတဲ့နိုင်ငံ၊ တစ်ဦးချင်းဝင်ငွေကြည့်လည်းအောက်ဆုံးကနိုင်ငံ၊ ကျန်းမာရေး အခြေအနေကြည့်လည်း အောက်ဆုံးကနိုင်ငံ အခုတော့နံပါတ်တစ် နေရာကိုပိုင်ပိုင်နိုင်နိုင်ကြီးရသွား ပါပြီ။

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။