Connect with us

Hi, what are you looking for?

News

နေပြည်တော် ဗိုလ်ရှု့ခံအခမ်းအနားပို့မည့် မင်းကွန်းခေါင်းလောင်းပုံတူ မီးလောင်ဗုံးပစ် ဖျက်ဆီးခံရ

မင်းကွန်းခေါင်းလောင်းကြီးပုံစံတူ ခေါင်းလောင်းရုပ်ပြုလုပ်သည့် ရဲစုရပ်တွင် စစ်ကိုင်းတောင်ရိုးပုံစံတူအပါအဝင် အခြားပုံစံတူရုပ်တုများကို ဝါးနှီးများဖြင့် ယက်လုပ်ဖန်းတီးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဓာတ်ပုံ - AFP

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် အပေါင်းအပါများ စီစဥ်နေသည့် နေပြည် တော် ဗိုလ်ရှု့ခံအခမ်းအနားတွင်အသုံးပြုမည့် မင်းကွန်းခေါင်းလောင်းကြီးပုံစံတူ ခေါင်းလောင်းရုပ်အား မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Local People Defence Force (Sintgaing)က ယနေ့(ဇန်နဝါရီ ၂၆)ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ ရဲစုရပ်ရှိ မင်းအောင်လှိုင် ယတြာချေရန်ပြုလုပ်ထားသည့်​ဗိုလ်ရှု့ခံသဘင်တွင် အသုံးပြုမည့် မင်းကွန်းခေါင်းလောင်းကြီးပုံစံတူ ခေါင်းလောင်းရုပ်ကြီးအား မီးလောင်ဗုံးဖြင့် ပစ်ဖောက်ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မင်းကွန်းခေါင်းလောင်းပုံစံတူပေါ့ တစ်ပုံစံတည်း။ (မီးလောင်ဗုံးကြောင့်)မီးမလောင်လိုက်ဘဲ ပျက်စီးမှုပဲရှိသွားပါတယ်။ မနက်ကတည်း က မိုးတွေရွာနေတော့လေ”ဟု LPDF(Sintgaing) တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

မင်းကွန်းခေါင်းလောင်းကြီးပုံစံတူ ခေါင်းလောင်းရုပ်ပြုလုပ်သည့် ရဲစုရပ်တွင် စစ်ကိုင်းတောင်ရိုးပုံစံတူအပါအဝင် အခြားပုံစံတူရုပ်တုများကို ဝါးနှီးများဖြင့် ယက်လုပ်ဖန်းတီးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများသည် လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော်၌ ဗိုလ်ရှု့အခမ်းအနားကျင်းပရန် ပြင်ဆင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။