Connect with us

Hi, what are you looking for?

News

သပိတ်ကျင်းနယ်တွင် စစ်​ကောင်စီ၏ ​ထောက်ပို့ယာဥ်တန်းကို တိုက်ခိုက်ရာ ​သေဆုံးမှုများ၊ ယာဥ်​​ခြောက်စီးထက်မနည်း ပျက်စီးဟုဆို

“ဒေသခံ ပကဖလက်ရွေးစင်တွေရယ်၊KIA နဲ့ PDF တို့ ပူးပေါင်းလုပ်ဆောင်တာပါ။တော်တော်သေတယ်လို့ သိရပေမယ့် အရေအတွက် အတိအကျကို စုံစမ်းနေတယ်”ဟု ထီးချိုင့်ပြည်သူ့တပ်ဖွဲ့၏ သတင်း ထောက်ပို့တစ်ဦးက ပြောသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၁၃)တပ်မှ ထောက်ပို့ယာဥ် တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီယာဥ် ခြောက်စီးထက်မနည်းပျက်စီးကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၇ ရက်)နံနက် ၃နာရီခန့်တွင် အစီးရေ ၃၀ခန့်ပါရှိသော စစ်ကောင်စီယာဥ်တန်းကို ထီးချိုင့်မြို့  ပေါက်ကုန်း ၊ဇီးဖြူကျင်းနှင့် ဘိုတဲကုန်း အနီး နေရာငါးခု၌ မိုင်း ၁၂လုံးအပြင် လက်နက်များဖြင့် တိုကိခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒေသခံ ပကဖလက်ရွေးစင်တွေရယ်၊KIA နဲ့ PDF တို့ ပူးပေါင်းလုပ်ဆောင်တာပါ။တော်တော်သေတယ်လို့ သိရပေမယ့် အရေအတွက် အတိအကျကို စုံစမ်းနေတယ်”ဟု ထီးချိုင့်ပြည်သူ့တပ်ဖွဲ့၏ သတင်း ထောက်ပို့တစ်ဦးက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တန်းသည် ကချင်ပြည် နယ် မိုးညှင်းမြို့ဘက်သို့ သွားရောက်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

သို့သော် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ပေါက်ကုန်းရွာ နေအိမ်အချို့ ထိမှန်ပျက်စီးခြင်း၊ရွာသစ်ကုန်းရွာသားတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ရွာသစ်ကုန်းရွာနှင့် ပေါက်ကုန်းရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ရန် ပြင်ဆင်နေသည်ဟုလည်း ထီးချိုင့်မြို့နယ်နေသူတစ်ဦးက အတည်ပြုသည်။

“တော်တော်ကို အထိနာသွာတယ်။သူတို့ ယာဥ်တန်းတွေလည်း လောလောတယ် ဆက်မတက်နိုင်သေးဘူး။နောက်ပြီး စစ်ခွေးတွေအော်ညည်းတဲ့ အသံတွေပါ ကြားနေကြတယ်လို့လဲ ပြောသံကြားတယ်”ဟု ၎င်းက ရှင်းပြသည်။

ထီးချိုင့်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရာတွင် အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယခုလအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ခန့် ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်