Connect with us

Hi, what are you looking for?

News

သြစတြေးလျ ရေနံကုမ္ပဏီကြီးလည်း မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်

မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်ဖို့အတွက် သြစတြေးလျ ရေနံကုမ္ပဏီကြီးဟာ ပြင်ဆင်မှုတွေစတင်နေပြီလို့လည်းသိရပါတယ်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ကိုင်နေတဲ့ သြစတြေးလျ ရေနံကုမ္ပဏီကြီး ဝုဒ်ဆိုက်ဒ်ဟာ စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကနေ လုပ်ငန်းတွေရပ်ဆိုင်းကာ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုအပြီး ဆိုးရွားလာတဲ့လူ့အခွင့်အရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာရတာဖြစ်တယ်လို့ သြစတြေးလျ ရေနံကုမ္ပဏီကြီးကဆိုထားပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်ဖို့အတွက် သြစတြေးလျ ရေနံကုမ္ပဏီကြီးဟာ ပြင်ဆင်မှုတွေစတင်နေပြီလို့လည်းသိရပါတယ်။

ဒီလို ထွက်ခွာမှုကြောင့် သြစတြေးလျ ရေနံကုမ္ပဏီကြီးဟာ ၂၀၂၁ အတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၃၈ သန်းလောက်ထိခိုက်နစ်နာမှာဖြစ်သလို ရေနံလုပ်ကွက်တစ်ကွက်မှာ ဓာတ်ငွေ့ရှာဖွေရေးအတွက် သုံးထားတဲ့အမေရိကန် ဒေါ်လာ ၇၁ သန်းဟာ နစ်နာသွားမယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

” အခြေအနေတွေက ဝုဒ်ဆိုက်ဒ်ကို A -6 လုပ်ကွက်မှာ ရေရှည်ဆက်လက်လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့သလို လာမယ့်ကာလတွေမှာလည်းမြန်မာနိုင်ငံမှာဆက်လုပ်ကိုင်ဖို့ မဖြစ်တော့ပါဘူး” လို့ ဝုဒ်ဆိုဒ်ရေနံကုမ္ပဏီကြီးရဲ့ စီအီးအို က ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မနက်ခင်း ဒီရေတက်လာတဲ့အချိန်မှာ သူဟာ ရေထဲကနေ ခေါင်းလေးပေါ်လာတယ်။ ခဏလောက် အသက်ရှူပြီး ပြန်ငုပ်သွားတယ်။ ရေပြင်ပေါ်မှာတော့သူ့ကိုယ်ခန္ဓာရဲ့အရိပ်တစ်စင်း။

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

Facebook