Connect with us

Hi, what are you looking for?

News

NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို အကြမ်းဖက်စစ်ကောင်စီ ပြန်လွှတ်ပေး

အကြမ်းဖက်စစ်ကောင်စီသည် ဦးဟံသာမြင့်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နှင့်စွဲဆိုခဲ့ခြင်းဖြစ်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို ထိန်းသိမ်းထားဆဲဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းမှု တစ်နှစ်နီးပါးရှိလာချိန်တွင် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းကတည်းက ဖမ်းဆီးသွားခဲ့သည့် ဦးဟံသာမြင့်ကို ယနေ့(ဇန်နဝါရီ ၂၇ ရက်) ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မည့်သည်အတွက်ကြောင့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို ပြန်လွှတ်ပေးသည်ကို မသိရကြောင်းနှင့် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဦးဟံသာမြင့်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နှင့်စွဲဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ဦးဟံသာမြင့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း အခြားသော NLD ထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင် အများအပြားကို ဖမ်းဆီးထားဆဲဖြစ်သည်။

တဖက်တွင် နိုင်ငံတကာအသိအမှတ်ပြုခံခြင်းမရှိသည့် အကြမ်းဖက်စစ်ကောင်စီသည် လာမည့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ခွင့်ရရှိရေး အသည်းအသန်ကြိုးပမ်းနေပြီး အလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်
ဖော်မှု တိုးတက်မှု ရှိပါက မြန်မာစစ်ခေါင်းဆောင်ကို ညီလာခံတက်ရောက်ရန် ဖိတ်ကြားထားသည်။

(ဦးဟံသာမြင့်ကို အခန်းအနားတစ်ခုတွင်​တွေ့ရစဥ်။
ဓါတ်ပုံ-NLD)

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဒီနေ့မှာလည်း ဘာသတင်းအချက်အလက်မှ မရရှိသေးဘူးလို့ NLD ပါတီဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်တဦးကပြောပါတယ်။