Connect with us

Hi, what are you looking for?

LuduNwayOo

News

NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို အကြမ်းဖက်စစ်ကောင်စီ ပြန်လွှတ်ပေး

အကြမ်းဖက်စစ်ကောင်စီသည် ဦးဟံသာမြင့်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နှင့်စွဲဆိုခဲ့ခြင်းဖြစ်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို ထိန်းသိမ်းထားဆဲဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်ကို အကြမ်းဖက်စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းမှု တစ်နှစ်နီးပါးရှိလာချိန်တွင် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းကတည်းက ဖမ်းဆီးသွားခဲ့သည့် ဦးဟံသာမြင့်ကို ယနေ့(ဇန်နဝါရီ ၂၇ ရက်) ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မည့်သည်အတွက်ကြောင့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်ကို ပြန်လွှတ်ပေးသည်ကို မသိရကြောင်းနှင့် လက်ရှိတွင် ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ဦးဟံသာမြင့်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နှင့်စွဲဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ဦးဟံသာမြင့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း အခြားသော NLD ထိပ်ပိုင်းခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင် အများအပြားကို ဖမ်းဆီးထားဆဲဖြစ်သည်။

တဖက်တွင် နိုင်ငံတကာအသိအမှတ်ပြုခံခြင်းမရှိသည့် အကြမ်းဖက်စစ်ကောင်စီသည် လာမည့် အာဆီယံထိပ်သီးညီလာခံကို တက်ရောက်ခွင့်ရရှိရေး အသည်းအသန်ကြိုးပမ်းနေပြီး အလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်
ဖော်မှု တိုးတက်မှု ရှိပါက မြန်မာစစ်ခေါင်းဆောင်ကို ညီလာခံတက်ရောက်ရန် ဖိတ်ကြားထားသည်။

(ဦးဟံသာမြင့်ကို အခန်းအနားတစ်ခုတွင်​တွေ့ရစဥ်။
ဓါတ်ပုံ-NLD)

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

ဆောင်းပါး

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုများကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများနှင့် အကျယ်ပြန့်ဆုံး ပေါင်းစပ် လုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ