Connect with us

Hi, what are you looking for?

News

အရာတော်နယ် ဘော်ကုန်းကျေးရွာမှ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူလေးဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ဟု ARA ထုတ်ပြန်

စစ်ကောင်စီတပ်၏ မတရားဖမ်းဆီး သတ်ဖြတ်ခြင်းခံရသူလေးဦးမှာ ဦးဖိုးသောင်း(၆၀)နှစ်၊ ကိုဆန်းလင်း(၃၇)နှစ်၊ ကိုဝေလင်းအောင်(၂၆)နှင့် မောင်ဖြိုးဝေစိုး(ခ)မောင်ကုလား(၁၀)နှစ်တို့ အသီးသီးဖြစ်ကြောင်း ARA က ထုတ်ပြန် သည်။

အရာတော်မြို့နယ် ဘော်ကုန်းကျေးရွာမှ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူလေးဦးကို စစ်ကောင်စီတပ်က ရက် ရက်စက်စက် ပစ်ခတ်ငတ်ဖြတ်ခဲ့ကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA) က ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၂၆)က အရာတော်မြို့နယ် နောင်ကြီးအိုင်ရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်များက ဘော်ကုန်းကျေးရွာမှ ပြည်သူလေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲဒီထဲက တချို့ဟာစစ်တပ်ထောက်ခံသူလို့သိရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူဟာ ပြည်သူပါပဲ။ အခုလိုအရပ်သားပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာမျိူးကို လုံးဝလက်မခံနိုင်ပါဘူးခင်ဗျ”ဟု ARA တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မတရားဖမ်းဆီး သတ်ဖြတ်ခြင်းခံရသူလေးဦးမှာ ဦးဖိုးသောင်း(၆၀)နှစ်၊ ကိုဆန်းလင်း(၃၇)နှစ်၊ ကိုဝေလင်းအောင်(၂၆)နှင့် မောင်ဖြိုးဝေစိုး(ခ)မောင်ကုလား(၁၀)နှစ်တို့ အသီးသီးဖြစ်ကြောင်း ARA က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်ကောင်စီ၏ ဤလုပ်ရပ်ကို အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက် ခိုက်သော လူမဆန်သည့် အကြမ်းဖက်စစ်ရာ ဇဝတ်မှုအဖြစ် မှတ်တမ်းတင်ထားရှိမည်”ဟု ARA က ဖော်ပြသည်။

ထို့ကြောင့် နောင်ကြီးအိုင်ရဲစခန်းမှူး မျိုးဇော်ဖေ အပါအဝင် အမိန့်ပေးသူများနှင့် လူသတ်မှုကိုယ်တိုင်ကျူးလွန်သူများသည် ၎င်းတို့၏ပြစ်မှုများအတွက် တာဝန်ယူကာ ပြစ်ဒဏ်ခံရမည်ဟု ARA က သတိပေးသည်။

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)အနေဖြင့် ပြည်သူ့တော်လှန်စစ်ကာလအတွင်း အရာတော်လူထု၏ ပေးဆပ်ဆုံးရှုံးခဲ့ရမှုများအား အချီးနှီးမဖြစ်စေဘဲ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။