Connect with us

Hi, what are you looking for?

News

အရာတော်နယ် ဘော်ကုန်းကျေးရွာမှ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူလေးဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ဟု ARA ထုတ်ပြန်

စစ်ကောင်စီတပ်၏ မတရားဖမ်းဆီး သတ်ဖြတ်ခြင်းခံရသူလေးဦးမှာ ဦးဖိုးသောင်း(၆၀)နှစ်၊ ကိုဆန်းလင်း(၃၇)နှစ်၊ ကိုဝေလင်းအောင်(၂၆)နှင့် မောင်ဖြိုးဝေစိုး(ခ)မောင်ကုလား(၁၀)နှစ်တို့ အသီးသီးဖြစ်ကြောင်း ARA က ထုတ်ပြန် သည်။

အရာတော်မြို့နယ် ဘော်ကုန်းကျေးရွာမှ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူလေးဦးကို စစ်ကောင်စီတပ်က ရက် ရက်စက်စက် ပစ်ခတ်ငတ်ဖြတ်ခဲ့ကြောင်း အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု(ARA) က ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၂၆)က အရာတော်မြို့နယ် နောင်ကြီးအိုင်ရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်များက ဘော်ကုန်းကျေးရွာမှ ပြည်သူလေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲဒီထဲက တချို့ဟာစစ်တပ်ထောက်ခံသူလို့သိရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူဟာ ပြည်သူပါပဲ။ အခုလိုအရပ်သားပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာမျိူးကို လုံးဝလက်မခံနိုင်ပါဘူးခင်ဗျ”ဟု ARA တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ မတရားဖမ်းဆီး သတ်ဖြတ်ခြင်းခံရသူလေးဦးမှာ ဦးဖိုးသောင်း(၆၀)နှစ်၊ ကိုဆန်းလင်း(၃၇)နှစ်၊ ကိုဝေလင်းအောင်(၂၆)နှင့် မောင်ဖြိုးဝေစိုး(ခ)မောင်ကုလား(၁၀)နှစ်တို့ အသီးသီးဖြစ်ကြောင်း ARA က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်ကောင်စီ၏ ဤလုပ်ရပ်ကို အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက် ခိုက်သော လူမဆန်သည့် အကြမ်းဖက်စစ်ရာ ဇဝတ်မှုအဖြစ် မှတ်တမ်းတင်ထားရှိမည်”ဟု ARA က ဖော်ပြသည်။

ထို့ကြောင့် နောင်ကြီးအိုင်ရဲစခန်းမှူး မျိုးဇော်ဖေ အပါအဝင် အမိန့်ပေးသူများနှင့် လူသတ်မှုကိုယ်တိုင်ကျူးလွန်သူများသည် ၎င်းတို့၏ပြစ်မှုများအတွက် တာဝန်ယူကာ ပြစ်ဒဏ်ခံရမည်ဟု ARA က သတိပေးသည်။

အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)အနေဖြင့် ပြည်သူ့တော်လှန်စစ်ကာလအတွင်း အရာတော်လူထု၏ ပေးဆပ်ဆုံးရှုံးခဲ့ရမှုများအား အချီးနှီးမဖြစ်စေဘဲ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။