Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကို နိုင်ငံတကာက ဖိဖိစီးစီး တုံ့ပြန် အရေးယူဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်း

မြန်မာ ပြည်သူတွေ သေကြေ ပျက်စီးနေရတာတွေ၊ ဆင်းရဲဒုက္ခ ကြုံနေရာတွေကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံတကာက ပီပီပြင်ပြင် တုံ့ပြန် ဆောင်ရွက်သင့်ပြီလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI)က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတာကို ပြီးခဲ့တဲ့ တစ်နှစ်လုံး တွေ့ခဲ့ရပြီးပြီလို့ AIက ဆိုပါတယ်။ တကယ်လို့ ဒီအခြေအနေတွေကို နိုင်ငံတကာ အသိုက်အဝန်းက ဆက်ပြီး မျက်ကွယ် ပြုထားဦးမယ်ဆိုရင် မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတွေဟာ ပိုမို ဆိုးရွားလာဦးမယ်လို့ AIရဲ့ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ် အာဏာသိမ်းခဲ့တာ တစ်နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင်မှာ AIက မြန်မာ့အရေးကို နိုင်ငံတကာ ပူးပေါင်း ဖြေရှင်းမှုတွေ မြှင့်တင်ဖို့ တိုက်တွန်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါမျိုးတွေ ကြုံနေရတာ လုံလောက်တာထက် ပိုသွားပြီ ဖြစ်ကြောင်း၊ နိုင်ငံ ခေါင်းဆောင်တွေ အများအပြားက မြန်မာ့အရေးမှာ လက်ရှောင်ပြီး ဘေးထိုင်နေတဲ့ အခြေအနေကို မြန်မာပြည်သူ ၅၅ သန်းက နောက်တစ်နှစ် တောင့်ခံနိုင်ဖို့ မလွယ်တော့ကြောင်း AIရဲ့ ဒေသဆိုင်ရာ ဒုတိယ ကမ်ပိန်း မန်နေဂျာ မင်ယူဟာက ပြောပါတယ်။

မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တိကျဖြောင့်မှန်တဲ့ တုံ့ပြန် အရေးယူမှုတွေ လိုအပ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ လက်နက်တွေ စီးဝင်မှုကိုလည်း ပိတ်ဆို့ တားဆီးဖို့ လိုကြောင်း၊ စစ်တပ် အာဏာသိမ်းပြီးချိန် ကတည်းက မြန်မာနိုင်ငံသားတွေရဲ့ လူနေမှု ဘဝဟာ အလွန်အကြူး ကျပ်တည်း ဆင်းရဲလာနေကြောင်း သူက ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းကာလ တစ်နှစ်ပြည့်ဖို့ နီးလာတာနဲ့အမျှ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကိုပါ မရှောင်ဘဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေပြီး ကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းတွေ ပေးပို့မှုကိုပါ တားမြစ် ပိတ်ပင်နေကြောင်း၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို သွေးစွန်းတဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ ဆက်တိုက် ကျူးလွန်နေပြီး ဖမ်းဆီး ခံရချိန်မှာ သေဆုံးသူတွေ အများအပြား ရှိခဲ့ကြောင်းလည်း AIရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အခုဆိုရင် မြန်မာ ပြည်သူတွေဟာ အရမ်း ဘေးကျပ်နံကျပ် ဖြစ်နေသလို နိုင်ငံတကာ ကူညီဖြေရှင်းပေးမှု ဆိုတာတွေကိုလည်း အယုံအကြည်မဲ့စ ပြုလာပြီလို့ မင်က မှတ်ချက် ပေးခဲ့ပါတယ်။ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ ထိထိရောက်ရောက် တုံ့ပြန်ဖို့ တုံ့ဆိုင်း နှေးကွေးနေကြောင်း၊ နိုင်ငံတကာ အနေနဲ့ မြန်မာ စစ်တပ်ကို လက်နက် တင်ပို့မှုတွေ ပိတ်ပင်ဖို့၊ မြန်မာ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ဖို့တွေကို အမြန်ဆုံး အရှိန်မြှင့် လုပ်ဆောင်ဖို့လိုကြောင်းလည်း သူက တိုက်တွန်းသွားပါတယ်။

အာဏာသိမ်းပြီးချိန် ကတည်းက မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူ အနည်းဆုံး ၁၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ကြောင်း AIရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူပေါင်း ၁၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိ အချိန်ထိ ၈၀၀၀ ကျော်လောက် ဖမ်းဆီး ချုပ်နှောင် ခံထားရဆဲလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။