Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်တွင်မပါကြရန် ​လောစပီကာဖြင့်လိုက်​ကြေညာသူ ​သေနတ်ဖြင့်အပစ်ခံရ

စစ်တပ်အာဏာသိမ်းသည့် တစ်နှစ်ပြည့်နေ့ဖြစ်သော လာမည့် ဖေဖော်ဝါရီလ(၁)ရက်တွင် နံနက် ၁၀နာရီမှ ညနေ၄ နာရီအထိ အသံတိတ်သပိတ်ဆင်နွဲရန် လူထုက စီစဥ်ထ​နေသည်။ယင်းသပိတ် အောင်မြင်မည်ကို အာဏာလုစစ်ကောင်စီက ထိန့်လန့်​နေပြီး နည်းမျိုးစုံအသုံးပြု၍ လိုက်လံတားဆီးနေသည်။

ပဲခူးတိုင်း၊နတ်တလင်းမြို့ နယ်တွင် အသံတိတ်သပိတ်၌မပါဝင်ရန် စစ်ကောင်စီညွှန်ကြားချက်ကို ကျေးရွာအတွင်း အော်လံဖြင့် လိုက်အော်နေသူတစ်ဦးယ​နေ့ သေနတ်ဖြင့် အပစ်ခံရသည်။

ယနေ့(ဇန်နဝါရီလ ၂၈ရက်) နံနက်က နတ်တလင်းမြို့ နယ်၊ တံခွန်တိုင်ရွာမှ ကျော်မင်းသူ ဆိုသူက ပြည်သူများအနေဖြင့် အသံတိတ်သပိတ်တွင် မပါဝင်ကြရန်နှင့် ပါဝင်ပါက အရေးယူခံရမည်ဟု အော်လံဖြင့် လိုက်ကြေညာနေစဥ် သေနတ်ဖြင့် အပစ်ခံရခြင်းဖြစ်သည်။

“ကျော်မင်းသူက ဒလန်။ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထဲလည်း ပါတယ်။သူ့သားကလည်း စစ်သား။ အသံတိတ်သပိတ်မလုပ်ဖို့လာအော်တာ။ သေနတ်နဲ့ ဘယ်သူပစ်သွားတယ်မသိဘူး”ဟု ဒေသခံတစ်ဦးကပြေသည်။

ကျော်မင်းသူကို နတ်တလင်းဆေးရုံမှတစ်ဆင့် ပြည်ဆေးရုံသို့ ပို့ဆောင်ကူသနေပြီး နောက်ဆက်တွဲကို မသိရသေး​ကြောင်း​ဒေသခံများထံမှသိ့ရသည်။ နတ်တလင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော နတ်စစ်သည်က ကျော်မင်းသူအား ၎င်းတို့ ဆုံးမလိုက်ပြီဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းသည့် တစ်နှစ်ပြည့်နေ့ဖြစ်သော လာမည့် ဖေဖော်ဝါရီလ(၁)ရက်တွင် နံနက် ၁၀နာရီမှ ညနေ၄ နာရီအထိ အသံတိတ်သပိတ်ဆင်နွဲရန် လူထုက စီစဥ်ထ​နေသည်။ယင်းသပိတ် အောင်မြင်မည်ကို အာဏာလုစစ်ကောင်စီက ထိန့်လန့်​နေပြီး နည်းမျိုးစုံအသုံးပြု၍ လိုက်လံတားဆီးနေသည်။

အသံတိတ်သပိတ်တွင် မပါဝင်ကြရန်နှင့် ပါဝင်ပါက အရေးယူခံရမည်ဟု ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့ မြို့နယ်များအားလုံးတွင် စစ်ကောင်စီခန့် ဝန်ထမ်းများကလိုက်လံ​ ​ကြေငြာနေသည်။ အသံတိတ်သပိတ်တွင် ဆိုင်ပိတ်ပြီးပါဝင်မည်ဟု ​ဖေစ်ဘွခ်တွင်း​ရေးသားသူအချို့ကိုလည်း စစ်​ကောင်စီတပ်ကဖမ်းဆီးခြိမ်း​ခြောက်ခြင်းများပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။