Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူလူထုအနေဖြင့် စစ်ဖြစ်နေပြီဟူသော အသိ၊ သတိဖြင့်နေထိုင်ကြရန် အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု သတိပေး

ပြည်သူ့စစ်တော်လှန်ရေးမူဝါဒအရ စစ်ဆင်ရေးတိုင်းသည် ပြည်သူမထိခိုက်ရေးသာ အဓိက ဖြစ်၍ မြို့နယ်တွင်းစစ်ဆင်ရေးများ နောက်ကျနှောင့်နှေးခဲ့ရသည်ဟုလည်း ARAက ဆိုသည်။

ပြည်သူလူထုအနေဖြင့် စစ်ဖြစ်နေပြီဟူသော အသိ၊ သတိဖြင့်နေထိုင်ကြရန် အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)က ယနေ့(ဇန်နဝါရီ ၂၈ ရက်)တွင် အသိပေးထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မြို့နယ်အတွင်း သွားလာသည့် လမ်းကြောင်းတိုင်းကို သိရှိစောင့်ကြည့်နေသော်လည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံလာရသည့် ပြည်သူများပါရှိလာသည့်အခါ ငဲ့ညာသောကြောင့် တိုက်ပွဲမဖော်ဆောင်ရသည့် စစ်ဆင်ရေးများစွာရှိခဲ့သည်ဟု ARAက ဆိုသည်။

ပြည်သူ့စစ်တော်လှန်ရေးမူဝါဒအရ စစ်ဆင်ရေးတိုင်းသည် ပြည်သူမထိခိုက်ရေးသာ အဓိက ဖြစ်၍ မြို့နယ်တွင်းစစ်ဆင်ရေးများ နောက်ကျနှောင့်နှေးခဲ့ရသည်ဟုလည်း ARAက ဆိုသည်။

“စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ ပြည်သူတိုင်း ဒီအချိန်က ဂရုစိုက်ဖို့လိုပါတယ်။အကြမ်းဖက်စစ်တပ်ကို ပါးစပ်နဲ့ မုန်းနေလို့ မရပါဘူး။တစ်ယောက်ချင်းစီတိုင်းက လက်တွေ့ကျကျ ပါဝင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ကြပါလို့ပဲ ပြောချင်တယ်”ဟု ARA မှ ဗိုလ်ပေါက်စီက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူလူထုသည် အကြမ်းဖက်စစ်တပ်၏ သွားလာလှုပ်ရှားမှုကို ဂရုတစိုက်နားစွင့်ကာ သတိဖြင့် ရှောင်ရှားရန် တိုက်တွန်းသည်။

အကြမ်းဖက်စစ်တပ်၏ သွားလာရာလမ်းကြောင်း အနီးလမ်းဘေးဝဲယာ တောထဲများ၊ဇရပ်များတွင် နေထိုင်ခြင်းမပြုရန်၊ပေါက်ကွဲ ပစ်ခတ်သံများ ပတ်ဝန်းကျင်တွင်ရှိလာပါက သွားရောက်စပ်စုခြင်းမပြုရန် မေတ္တာရပ်ခံသည်။

အလားတူ အကြမ်းဖက်စစ်တပ်၏ သွားလာလှုပ်ရှားမှုကို နီးစပ်ရာ တော်လှန်ရေးအင်အား စုများကို သတင်းပေးခြင်းဖြင့် ပြည်သူ့ တော်လှန်စစ်တွင် ပါဝင်ကြရန် မေတ္တာရပ်ခံသည်။

အရာတော်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရာတွင် အကြမ်းမဖက် လူထုသပိတ်များ ယနေ့အထိ ဆင်နွှဲနေသလို တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီကို လက်နက်ချင်းရင်ဆိုင်ခုခံနေသည့် တော်လှန်ရေး အင်အားစုများ အားကောင်းသည့် ဒေသ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။