Connect with us

Hi, what are you looking for?

News

ပြည်သူလူထုအနေဖြင့် စစ်ဖြစ်နေပြီဟူသော အသိ၊ သတိဖြင့်နေထိုင်ကြရန် အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု သတိပေး

ပြည်သူ့စစ်တော်လှန်ရေးမူဝါဒအရ စစ်ဆင်ရေးတိုင်းသည် ပြည်သူမထိခိုက်ရေးသာ အဓိက ဖြစ်၍ မြို့နယ်တွင်းစစ်ဆင်ရေးများ နောက်ကျနှောင့်နှေးခဲ့ရသည်ဟုလည်း ARAက ဆိုသည်။

ပြည်သူလူထုအနေဖြင့် စစ်ဖြစ်နေပြီဟူသော အသိ၊ သတိဖြင့်နေထိုင်ကြရန် အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA)က ယနေ့(ဇန်နဝါရီ ၂၈ ရက်)တွင် အသိပေးထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မြို့နယ်အတွင်း သွားလာသည့် လမ်းကြောင်းတိုင်းကို သိရှိစောင့်ကြည့်နေသော်လည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံလာရသည့် ပြည်သူများပါရှိလာသည့်အခါ ငဲ့ညာသောကြောင့် တိုက်ပွဲမဖော်ဆောင်ရသည့် စစ်ဆင်ရေးများစွာရှိခဲ့သည်ဟု ARAက ဆိုသည်။

ပြည်သူ့စစ်တော်လှန်ရေးမူဝါဒအရ စစ်ဆင်ရေးတိုင်းသည် ပြည်သူမထိခိုက်ရေးသာ အဓိက ဖြစ်၍ မြို့နယ်တွင်းစစ်ဆင်ရေးများ နောက်ကျနှောင့်နှေးခဲ့ရသည်ဟုလည်း ARAက ဆိုသည်။

“စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ ပြည်သူတိုင်း ဒီအချိန်က ဂရုစိုက်ဖို့လိုပါတယ်။အကြမ်းဖက်စစ်တပ်ကို ပါးစပ်နဲ့ မုန်းနေလို့ မရပါဘူး။တစ်ယောက်ချင်းစီတိုင်းက လက်တွေ့ကျကျ ပါဝင်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ကြပါလို့ပဲ ပြောချင်တယ်”ဟု ARA မှ ဗိုလ်ပေါက်စီက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူလူထုသည် အကြမ်းဖက်စစ်တပ်၏ သွားလာလှုပ်ရှားမှုကို ဂရုတစိုက်နားစွင့်ကာ သတိဖြင့် ရှောင်ရှားရန် တိုက်တွန်းသည်။

အကြမ်းဖက်စစ်တပ်၏ သွားလာရာလမ်းကြောင်း အနီးလမ်းဘေးဝဲယာ တောထဲများ၊ဇရပ်များတွင် နေထိုင်ခြင်းမပြုရန်၊ပေါက်ကွဲ ပစ်ခတ်သံများ ပတ်ဝန်းကျင်တွင်ရှိလာပါက သွားရောက်စပ်စုခြင်းမပြုရန် မေတ္တာရပ်ခံသည်။

အလားတူ အကြမ်းဖက်စစ်တပ်၏ သွားလာလှုပ်ရှားမှုကို နီးစပ်ရာ တော်လှန်ရေးအင်အား စုများကို သတင်းပေးခြင်းဖြင့် ပြည်သူ့ တော်လှန်စစ်တွင် ပါဝင်ကြရန် မေတ္တာရပ်ခံသည်။

အရာတော်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရာတွင် အကြမ်းမဖက် လူထုသပိတ်များ ယနေ့အထိ ဆင်နွှဲနေသလို တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီကို လက်နက်ချင်းရင်ဆိုင်ခုခံနေသည့် တော်လှန်ရေး အင်အားစုများ အားကောင်းသည့် ဒေသ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူလူထုဟာရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးနဲ့ စားသောက်စရာတွေ အပြင် အားပေးစာလွှာတွေကိုပါ ရေးသားပေးပို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

မိုးမိတ်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့စစ်တပ်က ၎င်းတို့မထောက်ခံတဲ့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေကို ခေတ်ပျက်ကာလ နိုင်ငံရေး အရှုပ်အထွေးတွေကြားပါဝင်ပြီး ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်ဖို့တိုက်တွန်းခဲ့တဲ့ မန္တလေးသား အဆိုတော် J Fireကို တော်လှန်ရေးအင်အားစုတွေက Boycott ပြုလုပ်ဖို့ တိုက်တွန်းနေပါတယ်။