Connect with us

Hi, what are you looking for?

News

တော်လှန်ရေးအောင်မြင်မှုက ပြည်သူလူထုလက်ထဲတွင်သာရှိဟု NUGဝန်ကြီးပြော

ဩစတြီးယားနိုင်ငံရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများ၏ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်အမှာစကားပြောကြားစဉ် အောင်မြင်မှုကို ဆက်လက်ဆုပ်ကိုင်ပြီး အားလုံးညီညွတ်စွာ လုပ်ဆောင်ပါက အောင်မြင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

(၂၀၂၁ ဒီဇင်ဘာ၁၀ရက်က ပြုလုပ်သည့် တိတ်ဆိတ်ခြင်းသပိတ်နေ့တွင် တွေ့ရသော ရန်ကုန်မြို့ဆူးလေလမ်းမ၊ ဓာတ်ပုံ - ရွှေအင်းသား ခင်မောင်ဝင်း)

▪️အောင်မြင်မှုစိတ်ဓာတ်ဖြင့် အောင်လံထူသည်အထိ ဆက်လက်တိုက်ပွဲဝင်ရန် တိုက်တွန်း

တော်လှန်ရေးအောင်မြင်မှုက ပြည်သူလူထုလက်ထဲတွင်ရှိပြီး ဆက်လက်လုပ်ဆောင်ပါက အောင်မြင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ဩစတြီးယားနိုင်ငံရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများ၏ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲသို့ တက်ရောက်အမှာစကားပြောကြားစဉ် အောင်မြင်မှုကို ဆက်လက်ဆုပ်ကိုင်ပြီး အားလုံးညီညွတ်စွာ လုပ်ဆောင်ပါက အောင်မြင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

“ကျွန်တော်တို့ အနေနဲ့ ယုံကြည်ထားဖို့ ကိစ္စတစ်ခုကတော့ အမှန်တရားအတွက်လုပ်ဆောင်နေတဲ့အချိန်မှာ သမိုင်း ပေးတာဝန်ကို ကျေပွန်ကြမယ်။ ဒါနဲ့ပတ်သက်ပြီး အမြဲတမ်းကိုယ့်ကိုယ်ကို သွေးမအေးအောင် လုပ်ဆောင်ကြမယ်ဆိုရင် အောင်မြင်ကြမှာပဲ။ အောင်မြင်မှုက ကျွန်တော်တို့ လက်ထဲမှာပဲ ရှိ ပါတယ်။ ဒီအောင်မြင်မှုကို ဆက်လက်မလုပ်ဆောင်ဘဲ လွှတ်ချလိုက်ရင် အောင်မြင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အောင်မြင်မှုကို ဆက်လက်ဆုပ်ကိုင်ထားပြီးတော့ အားလုံးညီညီညွတ်ညွတ်နဲ့ အားလုံး မြန်မာပြည်အကျိုးအတွက် လုပ်ဆောင်ကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးထားမယ်ဆိုရင်တော့ အမှန်တရားအတိုင်းပဲ အောင်မြင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်အထိ စစ်အာဏာရှင်သည် မြန်မာပြည်ကို လက်နက်ဖြင့် ထိန်းချုပ်ရန် ကြိုးစားသော်လည်း မအောင်မြင်သေးဘဲ အရာရာကျဆုံးနေသည်မှာ အားလုံးအသိဖြစ်ကြောင်းနှင့် ပြည်သူလူထုက အောင်မြင်မှုစိတ်ဓာတ်ဖြင့် အောင်လံထူသည်အထိ ဆက်လက်တိုက်ပွဲဝင်ရန် ဝန်ကြီးဦးအောင်မျိုးမင်းက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။