Connect with us

Hi, what are you looking for?

News

ဦးကိုနီလုပ်ကြံခံရခြင်း (၅)နှစ်ပြည့် ဝမ်းနည်းကြောင်း သဝဏ်လွှာများ အဖွဲ့အစည်းအချို့ ထုတ်ပြန်

တက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားများကွန် ရက် – မြန်မာ အနေဖြင့် စစ်အာဏာရှင်နှင့် ၎င်း၏ လက်ကိုင်တုတ် ၂၀၀၈ အခြေခံဥပဒေ အမြစ်ပြတ်ပျောက်ကွယ်ရေးတွင် အများပြည်သူနှင့်အတူ အမှန်တရားဘက်မှာ အပြီးတိုင်တိုက်ထုတ်သွားမည်ဟု ကတိပြု​ဖော်ပြထားသည်။

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီလုပ်ကြံခံရခြင်း (၅)နှစ်ပြည့်သဝဏ်လွှာများကို အဖွဲ့အစည်းအချို့ကယ​နေ့ထုတ်ပြန်သည်။

အဆိုပါ အဖွဲ့အစည်းများတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် သမဂ္ဂအချို့နှင့် တက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားများကွန်ရက်-မြန်မာစသည့်အဖွဲ့များ ပါဝင်သည်။

ကျောင်းသားသမဂ္ဂများမှ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကျောင်းသားသမဂ္ဂက ရှေ့နေကြီးဦးကိုနီရုပ်ပုံနှင့်အတူ “၂၀၀၈ ဖွဲ့စည်းပုံနဲ့တည်ဆောက်မယ့် မြန်မာနိုင်ငံတော်ဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး”ဟူသည့် ဦးကိုနီပြောခဲ့ဖူးသော မှတ်ချက်စကားစုများပူးတွဲပါရှိသည့် စာရွက်များ ဖြန့်ဝေသည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

တက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားများကွန် ရက် – မြန်မာမှ ထုတ်ပြန်သည့် သဝဏ်လွှာ၌ ဦးကိုနီမှာ စစ်အာဏာရှင်တို့၏ အကြံအစီကို ကြိုသိကာ ထုတ်ဖော်ပြောဆိုခဲ့၍ လုပ်ကြံခံခဲ့ရပြီး အမှန်တရားအတွက် ယခုနွေဦးတော်လှန်ရေး မတိုင်မီကပင် အသက်ကိုရင်းသွားခဲ့ပြီး နွေဦးတော်လှန်ရေးတွင်လည်း အမှန်တရားအတွက် နွေဦးတော်လှန်ရေးသူရဲကောင်းများက အသက်ကို ရင်းနေကြသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တပ်မတော်အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ပဲ အာရုံထားနေမယ်ဆိုရင်တော့ ဒီအခြေခံဥပဒေကို လွှတ်တော်ထဲကနေ ပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် အသစ်ရေးခြင်းကသာလျှင် ဒီမိုကရေစီဆန်တဲ့ အခြေခံဥပဒေအသစ်ဖြစ်လာဖို့ အကောင်းဆုံးနည်းလမ်းပဲ” ဟု ကျွန်ုပ်တို့အားလုံးထက် ရှေ့ကိုကြိုမြင်ပြီး အမြဲသတိပေးပြောဆိုခဲ့သူဖြစ်ကြောင်း ဦးကိုနီ၏ဂုဏ်ပုဒ်အား ဖော်ကျူးထားသည်။

တက္ကသိုလ်မွတ်စ်လင်မ်ကျောင်းသားများကွန် ရက် – မြန်မာ အနေဖြင့် စစ်အာဏာရှင်နှင့် ၎င်း၏ လက်ကိုင်တုတ် ၂၀၀၈ အခြေခံဥပဒေ အမြစ်ပြတ်ပျောက်ကွယ်ရေးတွင် အများပြည်သူနှင့်အတူ အမှန်တရားဘက်မှာ အပြီးတိုင်တိုက်ထုတ်သွားမည်ဟု ကတိပြု​ဖော်ပြထားသည်။

အမျုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဥပဒေအကြံပေးတစ်ဦးဖြစ်သူ တရားလွှတ် တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က စစ်အုပ်လက်ဝေခံ လုပ်ကြံသူတစ်စုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘောဒီးယား လွှတ်တော် အမတ်ဟောင်းကို လူမြင်ကွင်းမှာ လုပ်ကြံ သတ်ဖြတ်ခဲ့သူကို ထိုင်းတရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတကို အောက်လမ်းနည်းတွေနဲ့ လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်နဲ့ လူနှစ်ဦးကို ဇမ်ဘီယာ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားအဖွဲ့နဲ့ ချိတ်ဆက်မှုတွေကို အဓိက တာဝန်ယူတဲ့ အီရန် စစ်ဦးစီး တစ်ဦးကို လုပ်ကြံနိုင်ခဲ့ကြောင်း အစ္စရေးက ကြေညာပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ထိပ်တန်း ဒုံးကျည်လက်နက်ဆိုင်ရာ သိပ္ပံပညာရှင် တစ်ယောက်ကို လုပ်ကြံနိုင်ခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးက ပြောပါတယ်။