Connect with us

Hi, what are you looking for?

News

KNLA နယ်မြေထဲ စစ်ကောင်စီတပ်
ရိက္ခာပို့ဖို့ခက်ခဲနေလို့ လေကြောင်းသုံးပို့နေရ

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေကို KNLA တပ်မဟာ ၅ က ပြောက်ကျားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဒီလိုကြားဖြတ်တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်ဟာ မော်တော်ယာဉ်နဲ့ရော ခြေလျင်နဲ့ပါ လာရောက်ပို့ဆောင်လို့မရတော့တဲ့အတွက် အခုလို ရဟတ်ယာဉ်နဲ့ လာရောက်ပို့ဆောင်နေတာ ဖြစ်ပါတယ်။

People's Spring
People's Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေဟာ မြေပြင်ကနေ ရိက္ခာပို့ဖို့ခက်နေလို့ ရဟတ်ယာဉ်နဲ့ ရိက္ခာပို့တာတွေ လာရောက်ပို့နေတယ်လို့ ကေအဲန်ယူ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ဖာပွန်ခရိုင် ဘူးသိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်စခန်းမှာ ရဟတ်ယာဉ်နဲ့ ရိက္ခာ လေးကြိမ်လာရောက်ပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေကို KNLA တပ်မဟာ ၅ က ပြောက်ကျားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဒီလိုကြားဖြတ်တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်ဟာ မော်တော်ယာဉ်နဲ့ရော ခြေလျင်နဲ့ပါ လာရောက်ပို့ဆောင်လို့မရတော့တဲ့အတွက် အခုလို ရဟတ်ယာဉ်နဲ့ လာရောက်ပို့ဆောင်နေတာ ဖြစ်ပါတယ်။

ဖာပွန်ခရိုင်ထဲက ဖာပွန်-ကတိုင်တိ-ကမောင်းကားလမ်းပိုင်းမှာ ရိက္ခလာပို့တဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားနဲ့ မြင်း၊ လားတွေနဲ့ ရိက္ခာပို့မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KNLA တပ်မဟာ ၅ ကကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် စစ်ကောင်စီအတွက် ရိက္ခာပို့ဖို့ အခက်အခဲဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖာပွန်ခရိုင်ထဲမှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တို့အကြား တိုက်ပွဲတွေဟာ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး ဇန်နဝါရီလ လဝက်တာအတွင်းမှာ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ခဲ့ကာ စစ်ကောင်စီဘက်က အယောက် ၅၀ ကျော် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။