Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်မ​အောင်မြင်​စေရန် စစ်​ကောင်စီက နည်းလမ်း​ပေါင်းစုံအသုံးပြု​နေ

ထိုအပြင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဌာနအချို့မှ Non CDMဝန်ထမ်းများကို နေလယ် ၁၂ နာရီမှသာရုံးတက်ရန်လည်း ညွန့်ကြားထားသည်ဟုလည်း ဝန်ထမ်းများထံမှ သိရသည်။

(၂၀၂၁ ဒီဇင်ဘာ ၁၀ ရက် တိတ်ဆိတ်ခြင်းသပိတ်ဆင်နွှဲ​နေ​သော ရန်ကုန်မြို့ ။ ဓါတ်ပုံ-ရိုက်တာ)

■စစ်​ကောင်စီက လုပ်ငန်းများ၊ ရုံးများ​ဖေ​ဖော်ဝါရီ ၁ ရက်ပိတ်လျှင် လိုင်စင်သိမ်းမည်ဟု ခြိမ်း​ခြောက်ထားပြီး၊ ရုံးနှင့် စက်ရုံများည​နေသုံးနာရီရုံးဆင်း​ပေးရန်၊ စစ်​ကောင်စီရုံးများ ၁၂ နာရီမှရုံးတက်ရန် ၊ ရန်ကုန်တွင်ထို​နေ့ ဆိုင်ကယ်များမဖမ်းရန်၊ စစ်​ကောင်စီနှင့်နီးစပ်​သောလုပ်ငန်းရှင်များက ဝန်ထမ်းများကို ဖိအား​ပေးခံဝန်ထိုးရန် စ​သောနည်းလမ်းမျိုးစုံဖြင့် ငြိမ်သက်ခြင်းသပိတ်ကို ဖျက်ဆီးရန်လုံးပန်းနေသည်။

ဖေဖော်ဝါရီ ၁ ရက်ပြည်လုံးကျွတ် ငြိမ်သက်ခြင်းသပိတ်ပြုလုပ်မည့် အစီအစဥ်ကို ပျက်ပြား​စေရန် အာဏာသိမ်းစစ်​ကောင်စီက လုပ်ငန်းရှင်များ ၊စက်ရုံပိုင်ရှင် များအား ထို​နေ့လုပ်ငန်းများရုံးများမဖြစ်မ​နေဖွင့်ရန်နှင့် ည​နေ သုံးနာရီခန့်တွင် စက်ရုံများ ၊ရုံးများမှ ဝန်ထမ်းများကို ပြန်ခိုင်းရန် ဖိအား​ပေး ၊ခြိမ်း​ခြောက် ညွန်ကြားထား​ကြောင်း စက်ရုံပိုင်ရှင်များက ​ပြောသည်။

(၂၀၂၁ ဒီဇင်ဘာ ၁၀ ရက် တိတ်ဆိတ်ခြင်းသပိတ်ဆင်နွှဲ​နေ​သော ရန်ကုန်မြို့ ။ ဓါတ်ပုံ-ရိုက်တာ)

ဒီမိုကရေစီလိုလားသူများက စစ်တပ်အာဏာသိမ်းမူ တစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် တနိုင်ငံလုံး အသံတိတ်သပိတ်ကို နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်ရန် တိုက်တွန်းထားချိန်တွင် အကြမ်းဖက်စစ်ကောင်စီကတိတ်ဆိတ်ခြင်းသပိတ်မ​အောင်မြင်စေရန် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေခြင်းဖြစ်သည်။

ထိုနေ့တွင် စက်ရုံ၊အလုပ်ရုံများပိတ်ပါက လိုင်စင် ပိတ်သိမ်းမည်ဖြစ်​ကြောင်း ၊
ထို​နေ့တွင် ပုံမှန်အလုပ်ဆင်းချိန်စော၍ ည​နေ ၃ နာရီတွင်ဆင်းခိုင်းပြီး အလုပ်ရှင်ဘက်မှ ​လျော့သွားသည့်အလုပ်ချိန်ကို ​နောင်ရက်မှ အစားထိုးပြန်ယူ၍ ​ဖေ​ဖော်ဝါရီ ၁ ရက်တွင် ည​နေ ၃ နာရီ​​နောက်ပိုင်း လမ်း​ပေါ်တွင် လူရှိ​နေ​စေရန် ရန်ကုန်တွင်စက်ရုံများကို အစည်းအ​ဝေး​ခေါ်ယူ၍ ဖိအား​ပေး​နေ​ကြောင်း စက်ရုံပိုင်ရှင်များ နှင့်ဝန်ထမ်းအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“စက်ရုံတွေကို ၄နာရီမထိုးခင် ပြန်လွှတ်ဖို့ ဖိအားပေးတာရှိတယ်။ စက်ရုံပိုင်ရှင်အချို့ကတော့ သတ်မှတ်ချိန်မဟုတ်လို့ ပြန်မလွှတ်ချင်ဘူး”ဟု အလုပ်သမားတစ်ဦးကပြောသည်။

ထိုအပြင် ရန်ကုန်တွင် ဆိုင်ကယ်စီးလျှင် စစ်​ကောင်စီတပ်က ဖမ်းဆီးအ​ရေးယူ​သော်လည်း ထို​နေ့တွင် လမ်း​ပေါ်၌ လူများ၊ယာဥ်များ ရှိ​စေလိုသည့်အတွက် ​ဖေ​ဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်၌ ဆိုင်ကယ်များကိုမဖမ်းရန် ညွန်ကြားထား​ကြောင်းလည်း ယာဥ်ထိန်းရဲတစ်ဦးက ​ပြောသည်။

တရုတ်နှစ်သစ်ကူးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် မပိတ်ရန်နှင့် ပိတ်ပါက လုပ်ငန်းလိုင်စင်သိမ်းမည်ဟုလည်း ခြိမ်းခြောက်ထားသဖြင့် တရုတ်လုပ်ငန်းရှင်များလည်း ဒုက္ခ​ရောက်​နေ​ကြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

(၂၀၂၁ ဒီဇင်ဘာ ၁၀ ရက် တိတ်ဆိတ်ခြင်းသပိတ်ဆင်နွှဲ​နေ​သော ရန်ကုန်မြို့ ။ ဓါတ်ပုံ-ရိုက်တာ)

သို့သော်လည်း အကြမ်းဖက်စစ်​ကောင်စီတပ်နှင့်ပတ်သတ်သည့် လုပ်ငန်းရှင်အချို့က တက်တက်ကြွကြွလိုက်နာဆောင်ရွက်ပေးရန် ရှိနေသည်ဟု အဆိုပါကုမ္ပဏီများ၏ ဝန်ထမ်းများနှင့်လုပ်ငန်းရှင်အချို့ထံမှလည်းသိရသည်။

စစ်ကောင်စီခန့်အပ်ထားသည့် ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ညီအစ်ကို တော်စပ်သည့် ဦးကျော်ကျော်လှိုင်ပိုင်ဆိုင်သည့် Smart ကုမ္ပဏီများအုပ်စုက ၎င်းတို့၏ဝန်ထမ်းများကို အသံတိသပိတ်လုပ်ခြင်း၊လက်ခုပ်တီးသပိတ်ပြုလုပ်ခြင်းအပါအဝင်နိုင်ငံ​ရေးနှင့်ပတ်သပ်၍ ဘာမျှမလုပ်ရန်ဟုဆိုကာ အကြမ်းဖက်စစ်​ကောင်စီက ထုတ်ပြန်ထား​သော အမိန့်များကို ဖတ်​စေပြီး စည်းကမ်းလိုက်နာပါမည်ဟု ဝန်ထမ်းများကို ဖိအား​ပေး လက်မှတ်ထိုးခိုင်း​နေ​ကြောင်းဝန်ထမ်းများက ​ပြောသည်။

ထိုအပြင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဌာနအချို့မှ Non CDMဝန်ထမ်းများကို နေလယ် ၁၂ နာရီမှသာရုံးတက်ရန်လည်း ညွန့်ကြားထားသည်ဟုလည်း ဝန်ထမ်းများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၂ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်မည့် အသံတိတ်သပိတ်ကို ပျက်စီးစေရန် ဈေးဆိုင်များ အတင်းအဓမ္မဖွင့်ရန် ခြိမ်းခြောက်နေပြီး၊ ဆိုင်ပိတ်ရန် စီစဉ်နေသည့် ဆိုင်များကို ချိတ်ပိတ်ခြင်း ၊ဖမ်းဆီးခြင်း၊ စစ်​ကောင်စီက ဦး​ဆောင်၍ ပြိုင်ပွဲများပြုလုပ်​ခြင်း၊ စစ်​ကောင်စီ​ထောင်ခံသူများကို ဆန္ဒထုတ်​ဖော်​စေခြင်းစသဖြင့်နည်းလမ်း​ပေါင်းစုံဖြင့်ဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။