Connect with us

Hi, what are you looking for?

News

ရေစကြို တပ်ရင်း(၂၅၈)မှ တပ်သားတစ်ဦး လက်နက်များနှင့်အတူ CDM ပြုလုပ်

ထို့အပြင် ယမန်နေ့က လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သား၏ ပြောဆိုချက်အရ အခြေ အနေအမျိုးမျိုးကြောင့် တပ်ထဲမှ ထွက်မပြေးနိုင်သေးသော်လည်း ပြည်သူ့တပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားနေသူအများအပြားကျန်ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

CDM ပြုလုပ်ရန် ကြိုးပမ်းနေသူ အများအပြားရှိဟု CDM တပ်သားပြော

ရေစကြိုမြို့နယ်ရှိ တပ်ရင်း(၂၅၈)မှ တပ်သားအာဘဲလက် သည် MA-2 (၁)လက်၊ ကျည်ဗောက်( ၅) ခု ၊ကျည်(၁၃၅)တောင့်နှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်အား CDM ပြုလုပ်ကာ ၎င်းတို့ထံ အလင်းဝင်ပူးပေါင်းလာကြောင်း ရေစကြိုမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၃၁)တွင် ထုတ်ပြန်သည်။

အဆိုပါ CDM စစ်သားအား ရေစကြိုမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်။

“မနေ့က(ဇန်နဝါရီ ၃၀ ရက်)ကဝင်လာတာပါ။ဒီနေ့တော့ လွတ်မြောက်နယ်မြေကို ပို့လိုက်နိုင်ပါပြီ။ဒီ CDM စစ်သားတစ်ဦး အပါအဝင်နဲ့ဆို ရေစကြိုပြည်သူ့တပ်ဖွဲ့ထံ လာပူးပေါင်းတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားခုနှစ်ဦး ရှိသွားပါပြီ”ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုဝေယံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့က လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သား၏ ပြောဆိုချက်အရ အခြေ အနေအမျိုးမျိုးကြောင့် တပ်ထဲမှ ထွက်မပြေးနိုင်သေးသော်လည်း ပြည်သူ့တပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားနေသူအများအပြားကျန်ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအား CDM ပြုလုပ်ကာ ပြည်သူရင်ခွင်ခိုလှုံချင်သူများအား ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြိုဆိုလက်ခံ၍ လွတ်မြောက်နယ်မြေသို့ တာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြည်သူ့စစ်သားများအား အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

Facebook