အဓမ္မအကြမ်းဖက်စစ်ဝါဒချုပ်ငြိမ်းလျက် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ထောင်နိုင်ရန်အလို့ဌာ ကရင်အမျိုးသားများအနေဖြင့် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်လက်တွဲလျက် တော်လှန်ရေးအဟုန်ကို ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့ကျရောက်သည့် (၇၃)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့သည်။
တိုင်းရင်းသားပြည်သူများ၏ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့် ဆင်နွှဲလျက်ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်အာဏာရှင်စနစ်၏နေဝင်ချိန်သည် နီးကပ်လာပြီ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
လွန်ခဲ့သော(၇၃)နှစ်မှစတင်၍ ယနေ့အချိန်ထိ ခေတ်အဆက်ဆက်စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်တွင် ရှေ့တန်းမှဦးဆောင်ပါဝင်လျက် စွန့်လွှတ်အနစ်နာခံမှုများစွာပြုခဲ့သော ကရင်အမျိုးသားများအား ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။
ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လိုလားချက်မှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ အနာဂတ်ကို တည်ဆောက်ရာတွင် အဟန့်အတားပြုလျက်ရှိသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရန်မှာ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူအားလုံး၏ သမိုင်းပေးတာဝန် ဖြစ်သည်ဟု ခံယူကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement
