Connect with us

Hi, what are you looking for?

News

ကရင်အမျိုးသားများဦးဆောင်၍ တော်လှန်ရေးအရှိန်မြှင့်တင်မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့

တိုင်းရင်းသားပြည်သူများ၏ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့် ဆင်နွှဲလျက်ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်အာဏာရှင်စနစ်၏နေဝင်ချိန်သည် နီးကပ်လာပြီ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

(ဖားအံခရိုင် တပ်မဟာ (၇)ဌာနချုပ်၌ (၇၃)နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဥ်။ Photo - KIC)

အဓမ္မအကြမ်းဖက်စစ်ဝါဒချုပ်ငြိမ်းလျက် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အမြန်ဆုံးတည်ထောင်နိုင်ရန်အလို့ဌာ ကရင်အမျိုးသားများအနေဖြင့် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်လက်တွဲလျက် တော်လှန်ရေးအဟုန်ကို ဦးဆောင်မြှင့်တင်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့ကျရောက်သည့် (၇၃)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့သည်။

တိုင်းရင်းသားပြည်သူများ၏ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုဖြင့် ဆင်နွှဲလျက်ရှိသော ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်အာဏာရှင်စနစ်၏နေဝင်ချိန်သည် နီးကပ်လာပြီ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

လွန်ခဲ့သော(၇၃)နှစ်မှစတင်၍ ယနေ့အချိန်ထိ ခေတ်အဆက်ဆက်စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်တွင် ရှေ့တန်းမှဦးဆောင်ပါဝင်လျက် စွန့်လွှတ်အနစ်နာခံမှုများစွာပြုခဲ့သော ကရင်အမျိုးသားများအား ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း သဝဏ်လွှာ၌ ပါရှိသည်။

ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးပေါင်းစုံ၏ လိုလားချက်မှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ အနာဂတ်ကို တည်ဆောက်ရာတွင် အဟန့်အတားပြုလျက်ရှိသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရန်မှာ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူအားလုံး၏ သမိုင်းပေးတာဝန် ဖြစ်သည်ဟု ခံယူကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။