Connect with us

Hi, what are you looking for?

News

ပြည်သူများကို ဖမ်းဆီး​ငွေညှစ်ရန် အကြံ​ပေး​နေ​သော စစ်​ကောင်စီခန့် အုပ်ချုပ်​ရေးမှူးအိမ်ကို ဗုံး​ဖောက်ခွဲ သတိပေး

“အဲဒီအုပ်ချုပ်ရေးမှူးအိမ်ကိုပဲ လွန်ခဲ့တဲ့ငါးလလောက်ကလည်း ဗုံးနဲ့တစ်ကြိမ်အပစ်ခံခဲ့ရသေးတယ်။ ဘယ်အဖွဲ့ကလုပ်သွားတယ်လို့တော့ မသိရဘူး”ဟု မလှိုင်ဒေသခံတစ်ဦးက ​ပြောသည်။

မန္တလေးတိုင်း မလှိုင်မြို့နယ်တွင် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးငွေညှစ်ရန် စစ်ကောင်စီအား အကြံပေးနေသည့် အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး၏နေအိမ် ဒုတိယအကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက် ၆နာရီခွဲခန့်က မလှိုင်မြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်း၏အိမ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါအုပ်ချုပ်ရေးမှူးသည် လူမြင်ကွင်းသို့သွားလာခြင်းမပြုဘဲ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးငွေညှစ်ရန်အတွက် အကြမ်းဖက်အာဏာလုစစ်ကောင်စီကို နောက်ကွယ်မှအကြံပေးမှုများ ပြုလုပ်နေသူဖြစ်၍ ဖောက်ခွဲမှု ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း မလှိုင်မြို့နယ်အခြေစိုက်စစ်အာဏာရှင်ဖြုတ်ချရေးမြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

“အဲဒီအုပ်ချုပ်ရေးမှူးအိမ်ကိုပဲ လွန်ခဲ့တဲ့ငါးလလောက်ကလည်း ဗုံးနဲ့တစ်ကြိမ်အပစ်ခံခဲ့ရသေးတယ်။ ဘယ်အဖွဲ့ကလုပ်သွားတယ်လို့တော့ မသိရဘူး”ဟု မလှိုင်ဒေသခံတစ်ဦးက ​ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးအိမ်ကို ဖောက်ခွဲမှုပြုလုပ်ရာတွင် ၎င်း၏မိသားစုဝင်များ ထိခိုက်မှုမရှိအောင်စီမံ၍ ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင်အရေးယူမှုများ ပြုလုပ်ရာတွင် “အရေးယူခြင်းခံရမည့်သူ၏ မိသားစုဝင်များ မထိခိုက်ရေး” ဆိုသည့်အချက်ကို ထည့်သွင်းစဥ်းစားတော့မည်မဟုတ်ကြောင်း စစ်အာဏာ ရှင်ဖြုတ်ချရေးမြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစုက သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၉ ရက် ည ၇ နာရီခွဲခန့်အချိန်က မလှိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး စည်ပင်ရုံးဝန်ထမ်းများသည် ပြည်သူအပေါ်မောက်မာစွာဆက်ဆံခြင်း၊ ဖိအားပေးခြိမ်းခြောက်ခြင်းများ ပြုလုပ်နေ၍ သတိပေးဖောက်ခွဲခဲ့ကြောင်း မလှိုင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (MPDF)က အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။