Connect with us

Hi, what are you looking for?

News

မန္တလေးမှာအသံတိတ်သပိတ်ပျက်ဖို့ အာဏာလုစစ်ကောင်စီရဲ့အကြံဆိုး

အသံတိတ်သပိတ် ကျင်းပပေမယ့် လမ်းတွေပေါ်မှာ လူတွေစည်ကားနေတဲ့ပုံရိပ်ပြလို့ရအောင် စစ်ကောင်စီဟာ စီစဉ်နေတာပါ။

(ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် အသံတိတ်သပိတ်မှာ စစ်ကောင်စီသွေးပျက်သွားအောင် လူသူကင်းမဲ့သွားတဲ့ မန္တလေး မြို့မြင်ကွင်း)

အသံတိတ်သပိတ် ရှေ့တန်းမျက်နှာစာတွေဖြစ်တဲ့ မန္တလေးမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအသံတိတ်သပိတ် မအောင်မြင်ဖို့အတွက် စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ အကြံဉာဏ်ထုတ်နေပါတယ်။

အသံတိတ်သပိတ် ကျင်းပပေမယ့် လမ်းတွေပေါ်မှာ လူတွေစည်ကားနေတဲ့ပုံရိပ်ပြလို့ရအောင် စစ်ကောင်စီဟာ စီစဉ်နေတာပါ။

အဲဒီအစီအစဉ်တွေထဲမှာ ပုဂ္ဂလိက ဆီဆိုင်တွေမှာ ဆိုင်ကယ်တွေကို တစ်လီတာ ဆီအလကားဖြည့်ပေးမယ့် အစီအစဉ်အပြင် လမ်းမကြီးတွေမှာ စစ်ကောင်စီက လုံခြုံရေးပေးပြီး သူတို့ကိုထောက်ခံပွဲတွေ လုပ်ဖို့ ရှိနေပါသေးတယ်။

ဒါအပြင် ဒီနေ့မှာ ဆိုင်ကယ်တွေကိုဖမ်းပြီး မနက်ဖြန် ရဲစခန်းတွေမှာ လာရွေးခိုင်းတာလည်းရှိပါသေးတယ်။

Public Service Announcement

Public Service Announcement

အထူးခြားဆုံးအစီအစဉ်ကတော့ မန္တလေးကျုံးမှာ နေ့ခင်းကြောင်တောင် ကြိုက်နှစ်သက်ရာစက်ဘီးနဲ့ဝင်ပြိုင်နိုင်တဲ့ စက်ဘီးစီးပြိုင်ပွဲလည်း လုပ်ဖို့ စီစဉ်ထားတာရှိပါတယ်။

ဒါအပြင်အသံတိတ်မတိုင်ခင် တစ်ပတ်လောက်အလိုကတည်းက မန္တလေးလူထုကိုအကြောက်တရားသွင်းတဲ့အနေနဲ့ ထိုးမုန့်ဆိုင်တွေ ၊ ဟော့ပေါ့ဆိုင်တွေနဲ့ မန္တလေးမှာ လူသိများတဲ့ ဆရားဂျီးမုန့်ဟင်းခါးဆိုင်တွေကို သပိတ်လှုံဆော်မှုနဲ့ စစ်ကောင်စီက ဝင်ဖမ်းပြတာတွေရှိခဲ့ပါတယ်။

မန္တလေးစည်ပင်ကလည်း ဈေးတွေ ၊ဆိုင်ခန်းတွေမပိတ်ဖို့ ခံဝန်ထိုးခိုင်းတာရှိသလို သပိတ်မှာပါဝင်ရင် ဥပဒေပေါင်းစုံနဲ့အရေးယူမယ်လို့ ကြိုတင်ခြိမ်းခြောက်ထားတာရှိပါတယ်။

ဒါပေမယ့် မန္တလေး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက ပြည်သူတွေအနေနဲ့ အသံတိတ်သပိတ် မှာပါဝင်မယ့် နည်းလမ်းကိုရှာဖွေပြီးသားဖြစ်နေပြီလို့ မီဒီယာကိုဖြေကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook