Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်နဲ့ကယားပြည်နယ် စစ်ကောင်စီခန့် ဝန်ကြီးချုပ် ၂ ဦး အာဏာသိမ်းတစ်နှစ်ပြည့်မှာ အနားပေးခံရ

ထုတ်ပယ်လိုက်သူ ၂ဦးနေရာမှာတော့ ဘယ်သူတွေက ခန့်မလဲဆိုတာကို စစ်ကောင်စီခေါင်းဆောင်က မဖော်ပြထားပါဘူး။

People's Spring
People's Spring

အာဏာသိမ်း စစ်ခေါင်းဆောင်က အာဏာသိမ်းတစ်နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုယ်တိုင်ခန့်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ကယားပြည်နယ်ဝန်ကြီးချုပ် တို့ကို အနားပေးလိုက်တယ်လို့ထုတ်ပြန်လာပါတယ်။

ဒီလို ထုတ်ပြန်တဲ့ တိုင်းနဲ့ပြည်နယ် ၂ ခုဟာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်မှု မြင့်မားတဲ့ ဒေသတွေ ထဲ ပါဝင်နေပါတယ်။

ရန်ကုန်တိုင်းမှာဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာတွေရှိသလို ကယားပြည်နယ်မှာဆိုရင်လည်း မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ အထိနာနေလို့ လေကြောင်းကနေ တိုက်ခိုက်ရတဲ့အထိဖြစ်နေတာပါ။

ထုတ်ပယ်လိုက်သူ ၂ဦးနေရာမှာတော့ ဘယ်သူတွေက ခန့်မလဲဆိုတာကို စစ်ကောင်စီခေါင်းဆောင်က မဖော်ပြထားပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။