Connect with us

Hi, what are you looking for?

News

ရန်ကုန်နဲ့ကယားပြည်နယ် စစ်ကောင်စီခန့် ဝန်ကြီးချုပ် ၂ ဦး အာဏာသိမ်းတစ်နှစ်ပြည့်မှာ အနားပေးခံရ

ထုတ်ပယ်လိုက်သူ ၂ဦးနေရာမှာတော့ ဘယ်သူတွေက ခန့်မလဲဆိုတာကို စစ်ကောင်စီခေါင်းဆောင်က မဖော်ပြထားပါဘူး။

People's Spring
People's Spring

အာဏာသိမ်း စစ်ခေါင်းဆောင်က အာဏာသိမ်းတစ်နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုယ်တိုင်ခန့်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ကယားပြည်နယ်ဝန်ကြီးချုပ် တို့ကို အနားပေးလိုက်တယ်လို့ထုတ်ပြန်လာပါတယ်။

ဒီလို ထုတ်ပြန်တဲ့ တိုင်းနဲ့ပြည်နယ် ၂ ခုဟာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်မှု မြင့်မားတဲ့ ဒေသတွေ ထဲ ပါဝင်နေပါတယ်။

ရန်ကုန်တိုင်းမှာဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာတွေရှိသလို ကယားပြည်နယ်မှာဆိုရင်လည်း မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ အထိနာနေလို့ လေကြောင်းကနေ တိုက်ခိုက်ရတဲ့အထိဖြစ်နေတာပါ။

ထုတ်ပယ်လိုက်သူ ၂ဦးနေရာမှာတော့ ဘယ်သူတွေက ခန့်မလဲဆိုတာကို စစ်ကောင်စီခေါင်းဆောင်က မဖော်ပြထားပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။