Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါလမ်းပိုင်း ယနေ့ ပိတ်ထားမည်

မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါလမ်းပိုင်းအား ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက် ၉နာရီမှ စတင်၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပိတ်ထားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းအား အသုံးမပြုရန် မြောက်ယမားပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

People's Spring
People's Spring

ယနေ့သည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူသည့် တစ်နှစ်ပြည့်မည်ဖြစ်ပြီး မတရားမှုကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်း အသံတိတ်သပိတ်ကို ပြည်သူလူထုက နိုင်ငံနှင့်အဝှမ်းပြုလုပ်နေသည်။ ထို့အတူ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီကို ဖိအားပေးတိုက်ခိုက်သွားမည်ဟု ပြည်သူလူထုအား ကြိုတင်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။