Connect with us

Hi, what are you looking for?

News

မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါလမ်းပိုင်း ယနေ့ ပိတ်ထားမည်

မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါလမ်းပိုင်းအား ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက် ၉နာရီမှ စတင်၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပိတ်ထားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် ယင်းလမ်းပိုင်းအား အသုံးမပြုရန် မြောက်ယမားပြည်သူကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

People's Spring
People's Spring

ယနေ့သည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူသည့် တစ်နှစ်ပြည့်မည်ဖြစ်ပြီး မတရားမှုကိုကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်း အသံတိတ်သပိတ်ကို ပြည်သူလူထုက နိုင်ငံနှင့်အဝှမ်းပြုလုပ်နေသည်။ ထို့အတူ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီကို ဖိအားပေးတိုက်ခိုက်သွားမည်ဟု ပြည်သူလူထုအား ကြိုတင်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။