Connect with us

Hi, what are you looking for?

News

ဖိနှိပ်မှုတွေရှိပေမယ့် အသံတိတ်သပိတ်ကို အနည်းဆုံးမြို့နယ်ပေါင်း ၁၉၀ ကျော်ပါဝင်ဆင်နွှဲခဲ့

ဈေးဆိုင်တွေ ဖွင့်အောင်ခံဝန်ထိုးခိုင်းတာ ၊ အွန်လိုင်းကလှုံဆော်သူတွေကိုဖမ်းဆီးတာ ၊ သပိတ်ကျင်းပမယ့်နေ့မှာလမ်းပေါ်လူရှိနေအောင်ပွဲလမ်းသဘင်တွေကျင်းပတာ ၊တပ်ထောက်ခံတွေ လုပ်တာ စတဲ့ နည်းလမ်းစုံနဲ့ကို လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

Photo - Data for Myanmar

အာဏာသိမ်းတစ်နှစ်ပြည့်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ကိုဆင်နွှဲရာမှာ မြို့ပေါင်း အနည်းဆုံး ၁၉၁ မြို့ပါဝင်ခဲ့ကြတယ်လို့အချက်အလက်တွေအရသိရပါတယ်။

ဒီစာရင်းဟာ Data for Myanmar အဖွဲ့က ဒီနေ့ ညနေ ၆ နာရီအထိ ပြုစုထားတဲ့စာရင်းဖြစ်ပါတယ်။ စာရင်းမှာလက်လှမ်းမမီလို့ ချန်ထားခဲ့ရတဲ့မြို့နယ်တွေလည်းရှိတယ်လို့အဲဒီအဖွဲ့ကဆိုထားပါတယ်။

ဒီနေ့မှာပြုလုပ်တဲ့အသံတိတ်သပိတ်ဟာ သပိတ်မစခင်ရက်ပိုင်းအလိုမှာကတည်းက ပျက်စီးအောင် စစ်ကောင်စီဟာ နည်းမျိုးစုံသုံးခဲ့တာပါ။

ဈေးဆိုင်တွေ ဖွင့်အောင်ခံဝန်ထိုးခိုင်းတာ ၊ အွန်လိုင်းကလှုံဆော်သူတွေကိုဖမ်းဆီးတာ ၊ သပိတ်ကျင်းပမယ့်နေ့မှာလမ်းပေါ်လူရှိနေအောင်ပွဲလမ်းသဘင်တွေကျင်းပတာ ၊တပ်ထောက်ခံတွေ လုပ်တာ စတဲ့ နည်းလမ်းစုံနဲ့ကို လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် သပိတ်စတင်ချိန် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာတော့ ရန်ကုန် ၊မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတဝှမ်းက မြို့နယ်တွေမှာလူသွားအလာကင်းမဲ့ပြီး ခြောက်ကပ်သွားပါတယ်။

စစ်အုပ်စုဟာ လုပ်တတ်သမျှ နည်းလမ်းတွေနဲ့အဆုံးစွန် ဟန့်တာနှောင့်ယှက် ခဲ့ပေမယ့် လူထုရဲ့သွေးစည်းညီညွှတ်မှု ၊တော်လှန်စိတ် တွေကိုအရင်းတည်ကာ ကမ္ဘာအဆင့် မှတ်တမ်းတင်ရမယ့် သမိုင်းဝင်လူထုသပိတ်လှုပ်ရှားမှုကြီးကိုအပြည့်အဝ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုတေဇာစန်းကပြောပါတယ်။

“ကျနော်တို့ ပြည်သူလူထုရဲ့ ဒီလို စုစည်းညီညွတ်မှု အင်အားနဲ့အတူ ခရီးဆုံးထိ ချီတက်ကြမယ်ဗျာ။ ဒီနေ့သပိတ်အောင်ပွဲသည်ပင် ကျနော်တို့ တော်လှန်ရေး အောင်ပွဲအတွက် အသေချာဆုံးသော အာမခံချက်ကြီးပါပဲ” လို့ ကိုတေဇာစန်းက ဆိုပါတယ်။

ဒီနေ့သပိတ်ဟာ ပြီးခဲ့တဲ့ အသံတိတ်သပိတ်တွေထက်ပိုမိုလေးနက်ပြီး တော်လှန်ရေးအောင်ပွဲအလားအလာအတွက် အဆုံးအဖြတ်ပေးနိုင်ခဲ့ပြီလို့လည်း သပိတ်အင်အားစုတွေကသုံးသပ်ကြပါတယ်။

စစ်ကောင်စီကတော့ ဖိနှိပ်မှုမျိုးစုံကို ဆက်သုံးနေဆဲဖြစ်ကာ သပိတ်အပြီး လက်ခုပ်တီးတယ်ဆိုကာ ရန်ကုန်မြို့လယ်မှာ ဖမ်းဆီးတာတွေလုပ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။