Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်္ဂလာဒုံက မှန်ဘီလူးစက်ရုံမှာ လူ ၇၀၀ ကျော် ကိုဗစ်ကူးစက်ခံရ

ပရဟိတအသင်းတွေဆီက စုံစမ်းမှုအရ မှန်ဘီလူးစက်ရုံဖြစ်တယ်လို့ သိရပြီး ပိုးတွေ့လူနာများလို့ အဲဒီစက်ရုံကို ယာယီပိတ်ထားရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ တတိယလှိုင်းအတွင်း အောက်ဆီဂျင်တန်စီးနေရပုံ ဓာတ်ပုံ − AFP

မင်္ဂလာဒုံမြို့နယ်ထဲက စက်ရုံတစ်ရုံမှာ လူ ၇၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရတယ်ကို စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်က ထုတ်ပြန်ပါတယ်။

အဲဒီစက်ရုံမှာ လူ ၂၂၃၃ ဦးကို စစ်ဆေးရာမှာ ၇၁၈ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ရတာပါ။ ဒါပေမယ့်စစ်ကောင်စီဟာ ဘယ်စက်ရုံလဲဆိုတာကို ထုတ်ပြန်ထားတာမရှိပါဘူး။

ပရဟိတအသင်းတွေဆီက စုံစမ်းမှုအရ မှန်ဘီလူးစက်ရုံဖြစ်တယ်လို့ သိရပြီး ပိုးတွေ့လူနာများလို့ အဲဒီစက်ရုံကို ယာယီပိတ်ထားရတယ်လို့သိရပါတယ်။

ပိုးတွေ့လူနာ ၇၀၀ ကျော်ထဲမှာ ၈ ဦးဟာရောဂါလက္ခဏာ ခံစားနေရလို့ ဆေးရုံတင်ထားပြီး ကျန်သူတွေကိုသီးခြားခွဲထားတယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ပိုးတွေ့လူနာ ၇၀၀ ကျော်ဟာ အိုမီခရွန်ရောဂါပိုးမဟုတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...