Connect with us

Hi, what are you looking for?

News

မင်္ဂလာဒုံက မှန်ဘီလူးစက်ရုံမှာ လူ ၇၀၀ ကျော် ကိုဗစ်ကူးစက်ခံရ

ပရဟိတအသင်းတွေဆီက စုံစမ်းမှုအရ မှန်ဘီလူးစက်ရုံဖြစ်တယ်လို့ သိရပြီး ပိုးတွေ့လူနာများလို့ အဲဒီစက်ရုံကို ယာယီပိတ်ထားရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ တတိယလှိုင်းအတွင်း အောက်ဆီဂျင်တန်စီးနေရပုံ ဓာတ်ပုံ − AFP

မင်္ဂလာဒုံမြို့နယ်ထဲက စက်ရုံတစ်ရုံမှာ လူ ၇၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရတယ်ကို စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်က ထုတ်ပြန်ပါတယ်။

အဲဒီစက်ရုံမှာ လူ ၂၂၃၃ ဦးကို စစ်ဆေးရာမှာ ၇၁၈ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့ရတာပါ။ ဒါပေမယ့်စစ်ကောင်စီဟာ ဘယ်စက်ရုံလဲဆိုတာကို ထုတ်ပြန်ထားတာမရှိပါဘူး။

ပရဟိတအသင်းတွေဆီက စုံစမ်းမှုအရ မှန်ဘီလူးစက်ရုံဖြစ်တယ်လို့ သိရပြီး ပိုးတွေ့လူနာများလို့ အဲဒီစက်ရုံကို ယာယီပိတ်ထားရတယ်လို့သိရပါတယ်။

ပိုးတွေ့လူနာ ၇၀၀ ကျော်ထဲမှာ ၈ ဦးဟာရောဂါလက္ခဏာ ခံစားနေရလို့ ဆေးရုံတင်ထားပြီး ကျန်သူတွေကိုသီးခြားခွဲထားတယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ပိုးတွေ့လူနာ ၇၀၀ ကျော်ဟာ အိုမီခရွန်ရောဂါပိုးမဟုတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန်ထဲက Myanmar Asia Optical စက်ရုံမှာ မီးလောင်မှုဖြစ်နေပြီး မီးလောင်ချိန် နှစ်နာရီကြာသည်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်မှာ ကလေးငယ်တွေနဲ့ လူငယ်တွေ ပြင်းထန်ပြီး ကူးစက် မြန်တဲ့ အရေပြားရောဂါ ခံစားနေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ ဇန်နဝါရီ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။