Connect with us

Hi, what are you looking for?

LuduNwayOo

News

လေတပ်ဗိုလ်မှူးကြီးအိမ် အပါအဝင် စစ်ကောင်စီတပ်နှင့် စစ်ရေးပစ်မှတ် ၁၄ ခုကို တိုက်ခိုက်ခဲ့ဟု ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်

တိုက်ခိုက်မှုများကို ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်နေ့အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျောက် တံတား၊ တွံတေး၊ ဥက္ကံ၊ တောင်ဒဂုံ၊ ဒေါပုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရန်ကင်းနှင့် မြောက်ဥက္ကလာပမြို့နယ်များရှိ စစ်ကောင်စီတပ်နှင့် ထောက်ထိုင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရန်ကုန်တိုင်းတွင် သုံး ရက်အတွင်း ​စစ်​ကောင်စီလေတပ်ဗိုလ်မှူးကြီးအိမ်အပါအဝင်စစ်ကောင်စီတပ်နှင့် စစ်ရေးပစ်မှတ် ၁၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၃)ထုတ်ပြန်သည်။

Public Service Announcement

▪️ကျောက်တံတား

ကျောက်တံတားမြို့နယ် ပန်းဆန်းတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ စစ်ကောင်စီတပ် ယာဥ်ထိန်းရုံးကို ဖေဖော်ဝါရီ ၁ ရက်နေ့ ည ၈ နာရီတွင် ဗုံးပစ်တိုက်ခိုက်ခဲ့သည်။

▪️တွံတေး

Public Service Announcement

Public Service Announcement

တွံတေးမြို့နယ် စမ်းရွာရှိ Mytel တာဝါတိုင်အစောင့် စစ်သားများအား ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၄၀ မမ ဗုံးသီးဖြင့် ပစ်ခိုက်တိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

▪️ဥက်ကံ

အလားတူ တိုက်ကြီးမြို့နယ် ဥက္ကမြို့ဘောလုံးကွင်းအနီး စစ်ကောင်စီတပ် စခန်းချထားသည့်နေရာကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းတွင် ACPLF အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

▪️တောင်ဒဂုံ

ဒဂုံမြို့သစ်တောင်ပိုင်း စစ်ကောင်စီတပ်များသွားလာသည့် စည်ပင်ရုံးကို ဖေဖော်ဝါရီ ၁ ရက်နံနက် ၉ နာရီတွင်လည်းကောင်း၊ တောင် မြောက်လမ်းဆုံရှိ ရဲလိုင်းခန်းအနီး ညနေ ၄ နာရီတွင်လည်းကောင်း၊ ဧရာဝဏ်လမ်းရှိ ရဲစခန်းအနီး ညနေ ၄ နာရီရီခွဲတွင်လည်း ကောင်း အသီးသီးတိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်စစ်ဒေသခွဲက ဖော်ပြသည်။

▪️ဒေါပုံ

ဒေါပုံမြို့နယ် အောမေတ္တာလမ်းရှိ Mytel တာဝါတိုင်အစောင့် စစ်သားများကို ဖေဖော်ဝါရီ ၁ ရက်ည ၇ နာရီဝန်းကျင်တွင် People’s Force အဖွဲ့က လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ပြင်းထန်စွာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

▪️ရွှေပြည်သာ

ရွှေပြည်သာမြို့နယ်တွင်လည်း တိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ရာ We Love Care ပရဟိတအ ယောင်ဆောင်အဖွဲ့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နံနက် ၈ နာရီခွဲတွင် တစ်ကြိမ်၊ ၉ နာရီတွင် တစ်ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ရွှေပြည်သာ လှော်ကားတာဆုံအနီးရှိ ရဲတပ်ရင်း(၁)သင်တန်းကျောင်းနှင့် စစ်​ကောင်စီတပ်ပိုင် Dagon Beverages ကုမ္ပဏီတို့အား ညနေ ၆ နာရီ ၅၅ ခန့်တွင် ၄၀ မမဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

MO 7 အဖွဲ့မှ ရွှေပြည်သာမြို့နယ် ဧရာဝဏ်ပတ်လမ်းရှိ ယာဥ်ထိန်းရဲရုံးအား ဖေဖော်ဝါရီ ၁ ရက်က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

▪️လှိုင်သာယာ

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၈ နာရီတွင် လှိုင်သာယာမြို့နယ် စစ်တပ် ချည်မျှင်နှင့် အထည်ချုပ်စက်ရုံရှိ စစ်ကောင်စီတပ်နှင့် ကင်းလှည့်နေသည့်တပ်အား BER တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့(ဖေဖော်ဝါရီ ၃)တွင်လည်း လှိုင်သာယာရှိ စစ်ကောင်စီထောက်တိုင် Mytel တာဝါတိုင်အား နံနက် ၆ နာရီခန့်တွင် PHF အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ထုတ်ပြန်သည်။

▪️ရန်ကင်း

အလားတူ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းနှင့် အောင်ဇေယျလမ်းထောင့်ရှိ စစ်ကောင်စီယာဥ်ထိန်းရုံးနှင့် CCTV Control Box အား ယနေ့နံနက် ၆ နာရီခန့်တွင် YUG တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

▪️မြောက်ဥက္ကလာ

ယနေ့(ဖေဖော်ဝါရီ ၃)နံနက် ၆ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက် အမှတ် ၁၄၂ ရှိ စစ်ကောင်စီတပ် ခေတ္တ ဒုလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီးအောင်မျိုးကျော်၏ နေအိမ်ကို MO8 တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။