စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် နတ်စင်အောက်၌ ပြုလုပ်နေသောလောင်းကစားဝိုင်းတစ်ခုအသံဗုံးဖြင့်ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း မုံရွာ PDF ကထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက Monywa PDF မှ လောင်းကစားဝိုင်းများမပြုလုပ်ကြရန် သတိပေးတားမြစ်ထားသည့်ကြားမှ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နေကြသော မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊အမှတ်(၄)၃လမ်း၊နတ်စင်အောက်ရှိ အောင်စည်လောင်းကစားဝိုင်းအားသတိပေး
ချက်ကိုမလိုက်နာ၍ ပထမအကြိမ်ဒဏ်ပေးအရေးယူလိုက်ကြောင်း Monywa PDF ဒဿ မုံရွာပြောက်ကြားအဖွဲ့က အသိပေးသည်။
ကလေးငယ်များရှိသောကြောင့်အသံဗုံးအတုဖြင့်သာဒဏ်ခတ်သတိပေးခဲ့သည်ဟု ဒဿပျောက်ကြားအဖွဲ့က အသိပေးသည်။
ဒိုင်များသည် စစ်ကောင်စီကိုအခွန်ပေးပြီးထောက်ခံနေသူများဖြစ်ခြင်း၊ပြောက်ကြားအဖွဲ့များ၏ သတင်းပေးများပါဝင်နေခြင်းတို့ကြောင့် သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဒဿပြောက်ကျားအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement
“ကျွန်တော်တို့အနေနဲ့ လောင်းကစားဝိုင်းတွေကို အခုလိုလုပ်ဆောင်ရတယ်ဆိုတာကပထမတစ်ချက် အခုနိုင်ငံရေး အခြေအနေအရ အလုပ်အကိုင်များအဆင်မပြေမှုတွေရှိနေပါတယ်။ ဒါကို ထိုလောင်းကစားဝိုင်းများက ဒိုင်တွေဟာ လောင်းကစားကို ၁၀၀၊ ၂၀၀ ဆော့တယ်ဆိုပြီး တစ်ထောင်
တောင်းကာ အမြတ်ကြီးစားနေပါတယ်။တချို့ဆိုရင်စားစရာ
မရှိလို့ ထွက်ပြီးတောင်းနေရတဲ့သူတွေ ရှိပါတယ်။ ဒါကြောင့်အသံဗုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်ဗျ။ တခြားသတိပေးထားတဲ့ဝိုင်းတွေက လိုက်နာတယ်။ ဒီနေ့လုပ်တဲ့ လောင်းကစားဝိုင်းက ရဲ နဲ့ အမျိုးတော်တဲ့ တူဆိုတော့ မပိတ်ပါဘူး ဗျ။ ကျွန်တော်တို့PDF တွေကိုလည်းကြိမ်းဝါးထားလို့ခုလိုလုပ်ရတာပါ”ဟု ဒဿပြောက်ကြားအဖွဲ့တာဝန်ရှိသူက ပြောသည်။
ဒဿပြောက်ကြားတပ်ဖွဲ့သည် မုံရွာမြို့၊နန္ဒဝန်အမှတ်၄လမ်း၊ နန္ဒဝန် နယ်မြေ ၄ ဂေါ်သဇင်လမ်းနှင့် ၄ လမ်း၊ နန္ဒဝန် အမှတ် ၄ မဂ္ဂလမ်း၊ နန္ဒဝန် အမှတ် ၄ (၅)လမ်း၊ မြဝတီရပ်ကွက်၊ ကမ်းနားလမ်းတာရိုးအစရှိသည့်နေရာများမှ လောင်းကစားဝိုင်းများအား မပြုလုပ်ကြရန် ဇန်နဝါရီလ ၂၈ ရက်နေ့က လိပ်စာနှင့်တကွသတိပေးခဲ့ပြီး ဆက်လက်လုပ်ဆောင်နေပါက အပြင်းအထန်ဒဏ်ပေးမည်ဟုသတိပေးကြေညာခဲ့သည်။
မုံရွာအခြေစိုက် မြို့ပြပျောက်ကြားအဖွဲ့တစ်ခုဖြစ်သော ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများကလည်းမုံရွာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အဖြစ် လောင်းကစားလုပ်ငန်း လုပ်ကိုင်နေကြသူများအား နောက်ဆုံးအနေဖြင့်သတိပေးကြောင်း၊ မိဘပြည်သူများအနေဖြင့်လောင်းကစား
ဝိုင်းများရှိရာသို့ သွားရောက်ခြင်းမပြုကြရန် ဇန်နဝါရီလ ၂၇ ရက်နေ့က မေတ္တာရပ်ခံထားသည်။


















































