Connect with us

Hi, what are you looking for?

News

ငါန်းဇွန်မြို့နယ်တွင် စစ်​ကောင်စီတပ်ကိုဒေသခံPDF များပူး​ပေါင်းတိုက်ခိုက်

“ငါန်းမြာ ဘက်ကနေ ငါန်းဇွန် ကို အပြန်မှာတိုက်ခိုက်ခဲ့တာပါ”ဟု ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကPeople’s Spring သို့ ပြောသည်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်လေးဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း Ngazun Fight Stars အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီ၃ရက်နေ့ ညနေ ၆နာရီ၃ဝခန့်ကငါန်းဇွန်- ငါန်းမြာလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကားနှစ်စီးနှင့်ဆိုင်ကယ်သုံးစီးအား မိုင်းသုံးလုံးခွဲကာ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှစ်ဦး နေရာတွင်ပင် သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာများရရှိသွားကြောင်း ငါန်းဇွန်ဖိုက်စတားအဖွဲ့က သတင်းထုတ်ပြန်သည်။

“ငါန်းမြာ ဘက်ကနေ ငါန်းဇွန် ကို အပြန်မှာတိုက်ခိုက်ခဲ့တာပါ”ဟု ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကPeople’s Spring သို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ငါန်းဇွန် ပ.က.ဖ၊ NgaZuns Heroes၊ GTR MMU အဖွဲ့များနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားများ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိူင်ခဲ့သည်ဟု ငါန်းဇွန်ဖိုက်စတားကအသိပေးသည်။

Public Service Announcement

Public Service Announcement

ငါန်းဇွန်မြို့နယ်တွင် ဇန်နဝါရီ ၅ ရက်က ငါန်းဇွန်မှ တံတားဦးဘက်သို့ ထွက်လာသော စစ်​ကောင်စီကား တစ်စီးကို သူနတ်စစ်ရွာ အနီးတွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖကစစ်တပ်ဘက်မှသုံးဦးထက်မနည်းသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။