Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင်စစ်​ကောင်စီတပ်ယာဥ်တန်းကိုမိုင်းဆွဲ ၂ ဦး​သေ၊ ၄ဦး ဒဏ်ရာရ

ပုလဲ မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အင်အား ၃၀၀ ဝန်းကျင်ဖြင့် ရွာစဥ် စစ်ကြောင်းထိုးနေပြီး မီးရှို့ခံကျေးရွာများနှင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ကူညီကြရန်လည်း PRA ​ခေါင်း​ဆောင်က မေတ္တာရပ်ခံသည်။

(PRA တပ်ဖွဲ့ဝင်များကို​တွေ့ရစဥ်။ ဓါတ်ပုံ-PRA)

စစ်​ကောင်စီတပ်က ​မွေ့တုံရွာနှင့်ပန်းရွာမှ အိမ်​ပေါင်းရာချီကိုမီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ လေးဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်းပြည်သူ့တော်လှန်ရေးတပ်မတော် PRA ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ ဖြစ်စဥ်မှာယနေ့(ဖေဖော်ဝါရီ ၄ ရက်) နေ့လည် ၁၂ နာရီ ခန့်က အကြမ်းဖက်စစ်တပ်က မော်တော်ယာဥ်လေးစီး နှင့် ဆိုင်ကယ် တစ်စီးဖြင့် ပုလဲမြို့နယ် ၊မင်းတိုင်ပင်ရွာမှ
ကန့်ဒေါင့်ရွာသို့လာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပုလဲမှာဝင်နေတဲ့စစ်ခွေးကအရမ်းများတယ်။ဒါကြောင့် အမှဲ့ခြွေဖို့ကျွန်တော်တို့ စောင့်နေတာကြာပြီ။ဒီနေ့ကတော့စစ်ခွေးအင်အား၃၀ကျော်လောက်နဲ့ လာတာကိုသတင်းအတိအကျရတာနဲ့မိုင်းတွေစောင့်ဆွဲတယ်။အပြန်အလှန်ပစ်တယ်။နေရာမှာ ပွဲချင်းပြီး နှစ်ဦးသေတယ်”ဟု ဗိုလ်ဂျပန်ကရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပုလဲ မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က အင်အား ၃၀၀ ဝန်းကျင်ဖြင့် ရွာစဥ် စစ်ကြောင်းထိုးနေပြီး မီးရှို့ခံကျေးရွာများနှင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ကူညီကြရန်လည်း PRA ​ခေါင်း​ဆောင်က မေတ္တာရပ်ခံသည်။

ဇန်နဝါရီ ၃၁ ရက်ကစ၍ ပုလဲမြို့နယ် မွေ့တုံကျေးရွာတွင်တပ်စွဲခဲ့သည့် အကြမ်းဖက်စစ်တပ်သည် မွေ့တုံကျေးရွာအိမ်ခြေ ၂၅၀ခန့်အနက် အိမ်ခြေ(၂၀၀)ထက်မနည်းကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် အိမ်ခြေ (၈၀၀)ကျော်ခန့်ရှိသောပန်းရွာကျေးရွာရှိ ဖေဖော်ဝါရီ ၁ ရက်က မီးရှို့ခဲ့ပြီးနေအိမ် အလုံး ၂၀၀ ခန့်
လည်း မီးလောင်ကျွမ်းခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ ပုလဲမြို့နယ်တွင်း စစ်ကြောင်းများကြောင့်မင်းရွာ၊မွေ့တုံ၊ပန်းရွာ၊ကံပေါက်နှင့် တနယ် ကျေးရွာများမှ ဒေသခံပြည်သူများရွာလုံးကျွတ်စစ်ဘေးရှောင်နေရသည်ဟုလည်း ပုလဲ အခြေစိုက် လူမှုကူညီရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။