Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း ပြည်သူ ၈၄ ဦးကို သေဒဏ်ချမှတ်ခြင်းကို ပြင်သစ်ရှုတ်ချ

စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို နက်နဲသောအာရုံစူးစိုက် မှုဖြင့် စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေကြောင်း ပြင်သစ်သံရုံး၏ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(အာဏာသိမ်းအကြမ်းဖက်စစ်​ခေါင်း​ဆောင်များ။ ဓါတ်ပုံ- MNA)

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီး ၁ နှစ်အတွင်း စအကြမ်းဖက်စစ်​ကောင်စီကအရွယ်မရောက်သေးသူများအပါအဝင် ပြည်သူ ၈၄ ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်းကို ပြင်သစ်နိုင်ငံက ရှုတ်ချကြောင်း ယနေ့(ဖေဖော်ဝါရီ ၄ ရက်)ထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို နက်နဲသောအာရုံစူးစိုက် မှုဖြင့် စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေကြောင်း ပြင်သစ်သံရုံး၏ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြင်သစ်သည် နေရာတိုင်းနှင့် အခြေအနေအရပ်ရပ်တွင် သေဒဏ်ကို အဆက်အပြတ်ဆန့်ကျင်ပြီး အဆိုပါ တရားမျှတမှုမရှိသော၊ လူမဆန်သော၊ ထိရောက်မှုမရှိသော ပြစ်ဒဏ်ကို အလုံးစုံဖျက်သိမ်း ရေးအတွက် ဥရောပသမဂ္ဂရှိ မိတ်ဖက်နိုင်ငံများနှင့်အတူ ကတိကဝတ်ပြုထားသည်ဟု ဆိုသည်။

သေဒဏ်ပေးခြင်းကို ကျင့်သုံးနေသေးသော နိုင်ငံများအားလုံးကိုလည်း သေဒဏ်ကို အပြီးအပြတ် ဖျက်သိမ်းရေးကို ရှေးရှုကာ ဆိုင်းငံ့ထားရန် ပြင်သစ်က တောင်းဆိုထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ပြင်သစ်နိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၁ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။