Connect with us

Hi, what are you looking for?

LuduNwayOo

News

ကုလဆိုင်ရာ အမေရိကန်နှင့် မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်များသည် လုံလောက်မှုမရှိဘဲ ယခုထက်ပိုမိုအရေး ယူလုပ်ဆောင်ရန် လိုအပ်ကြောင်း သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ထောက်ပြခဲ့ သည်။

ဒီမိုကရေစီရရှိရေး မြန်မာပြည်သူများကိုပေးထားသည့် ကတိကဝတ်ကို မဆုတ်မနစ်ဆက်လက် လုပ်ဆောင်မည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ပြော သည်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတို့သည် ဖေဖော်ဝါရီ ၃ ရက်တွင် နယူးယောက်၌ တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေး ကြိုးပမ်းမှုနှင့် မြန်မာပြည်သူများအတွက် အမေရိကန်၏ မဆုတ်မနစ်သော ကတိကဝတ်တို့ကို ဆွေးနွေးခဲ့သည်ဟု သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်တွင်လည်း အမေရိကန်သံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများခံစားနေရခြင်းအဆုံးသတ် ရေး၊ မြန်မာကို စစ်လက်နက်စီးဆင်းမှုရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးရေး နှင့် နိုင်ငံရေးဖြစ်စဉ်ဆီပြန်သွားရေးတို့အတွက် လက်တွေ့ကျကျ အရေးယူလုပ်ဆောင်ရန် တိုက် တွန်းခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်များသည် လုံလောက်မှုမရှိဘဲ ယခုထက်ပိုမိုအရေး ယူလုပ်ဆောင်ရန် လိုအပ်ကြောင်း သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ထောက်ပြခဲ့ သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။