Connect with us

Hi, what are you looking for?

News

ကုလဆိုင်ရာ အမေရိကန်နှင့် မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်များသည် လုံလောက်မှုမရှိဘဲ ယခုထက်ပိုမိုအရေး ယူလုပ်ဆောင်ရန် လိုအပ်ကြောင်း သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ထောက်ပြခဲ့ သည်။

ဒီမိုကရေစီရရှိရေး မြန်မာပြည်သူများကိုပေးထားသည့် ကတိကဝတ်ကို မဆုတ်မနစ်ဆက်လက် လုပ်ဆောင်မည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ပြော သည်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတို့သည် ဖေဖော်ဝါရီ ၃ ရက်တွင် နယူးယောက်၌ တွေ့ဆုံခဲ့ရာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေး ကြိုးပမ်းမှုနှင့် မြန်မာပြည်သူများအတွက် အမေရိကန်၏ မဆုတ်မနစ်သော ကတိကဝတ်တို့ကို ဆွေးနွေးခဲ့သည်ဟု သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်တွင်လည်း အမေရိကန်သံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများခံစားနေရခြင်းအဆုံးသတ် ရေး၊ မြန်မာကို စစ်လက်နက်စီးဆင်းမှုရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးရေး နှင့် နိုင်ငံရေးဖြစ်စဉ်ဆီပြန်သွားရေးတို့အတွက် လက်တွေ့ကျကျ အရေးယူလုပ်ဆောင်ရန် တိုက် တွန်းခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်များသည် လုံလောက်မှုမရှိဘဲ ယခုထက်ပိုမိုအရေး ယူလုပ်ဆောင်ရန် လိုအပ်ကြောင်း သံအမတ်ကြီး လင်ဒါဂရင်းဖီးလ်က ထောက်ပြခဲ့ သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။