Connect with us

Hi, what are you looking for?

News

ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးရွေးကောက်ခံအမတ် ထက်ဝက်ကျော်တက်ရောက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၄၆ဦး အနက် ယနေ့အစည်းအဝေးသို့ ၂၈၅ဦး တက်ရောက်ခဲ့ကြောင်း CRPHက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် ယနေ့(ဖေဖော်ဝါရီ ၅ ရက်)ခေါ်ယူကျင်းပရာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၆၄ ရာခိုင်နှုန်းခန့်တက် ရောက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန် သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၄၆ဦး အနက် ယနေ့အစည်းအဝေးသို့ ၂၈၅ဦး တက်ရောက်ခဲ့ကြောင်း CRPHက ဆိုသည်။

အထက်ပါအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ နိုင်ငံတကာပါလီမန် အမတ်များ၊ ပါလီမန်ရေးရာ အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများ၊ လွှတ်တော်အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများက လေ့လာ သူများအဖြစ် တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်သည်။

အစည်းအဝေးတွင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် (၁) မိနစ်ငြိမ်သက်ခြင်း၊ ပြည်ထောင်စုလွှတ်တော်နာယက က အဖွင့်အမှာစကားပြောကြားခြင်း၊ NUG ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခြင်း၊ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်း ပြောကြားခြင်းအပါအဝင် လွှတ်တော်လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်အစည်းအဝေးက အတည်ပြုခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်အား ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုဖွဲ့မယ့် ဘယ်အဖွဲ့အစည်းမဆို အသိအမှတ်မပြုကြောင်းကြေညာဖို့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

သတင်း

CRPHနဲ့ NUGကိုတရားဝင် အသိအမှတ်ပြုဖို့၊စစ်တပ် ရွေးကောက်ပွဲအသိအမှတ်မပြုဖို့၊ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်တပ်ကို အရေးယူဖို့ တောင်းဆို

သတင်း

NUCC/NUG က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပေါ် ယုံကြည်ပြီး ရှေ့ဆက်သွားရင်းဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယူဆကြောင်း NUCC ကောင်စီဝင် ဒေါ်ခေတ်ငြိမ်းအေးက ပြောကြားခဲ့သည်ဟုဆိုသည်။

နိုင်ငံတကာ

နောက်ဆုံးမှာတော့ ရုရှားက ပူတင်ဟာ အစည်းအဝေး တက်ဖြစ်တော့မှာ မဟုတ်ဘူးလို့ တောင်အာဖရိကဆီ ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာ ဥပဒေရေးရာ ဘေးကျပ်နံကျပ် အခြေအနေကနေ အိမ်ရှင်နိုင်ငံ အနေနဲ့ လွတ်မြောက်သွားတဲ့ သဘောပါပဲ။