Connect with us

Hi, what are you looking for?

LuduNwayOo

News

တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း တန့်ဆည်(ပအဖ) ထုတ်ပြန်

လွတ်မြောက်နယ်မြေများဖော်ဆောင်၍ ဒေသန္တ ရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ရန် ပြည်ထဲ ရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကြား ကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၏ မူဝါဒနှင့်အညီ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းယန္တရားများ ပြန်လည်ထူထောင်ရန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့(ဖေဖော်ဝါရီ ၅)ထုတ်ပြန် သည်။

လွတ်မြောက်နယ်မြေများဖော်ဆောင်၍ ဒေသန္တ ရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ရန် ပြည်ထဲ ရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကြား ကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၏ မူဝါဒနှင့်အညီ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေး၊
ပြည်သူလူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ပေါ်ပေါက်ရေး၊လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သာယာဝပြောရေးတို့ကို ပြည်သူ့စုပေါင်းအားဖြင့် ဖော်ဆောင် သွားနိုင်ရေးတို့အတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ဒေသန္တရအုပ်ချုပ်ရေးတွင် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ စစ်ရေးစီမံချက်နှင့်အညီ နယ်မြေစိုးမိုးရေး ထိရောက်စွာဖော်ဆောင်နိုင်ရန် လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်နေရာချရေးလုပ်ငန်းများကို ပြည်သူပါဝင်မှုဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်နေရာများသည် တန့်ဆည်နယ်အနောက်ခြမ်းတွင်တည်ရှိပြီး မြေပြင်စစ်ကြောင်းထိုးဝင်ရောက်နေသည့် နေရာများဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်ကောင်စီတပ်နှင့် ပျူ များက ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း MDF-Taze Tiger က​ပြော​သော်လည်း People's Spring ကသီးခြားအတည်မပြုနိုင်ပါ။

သတင်း

နားဋောင်းကျကျေးရွာသည် တန့်ဆည်-ကန့်ဘလူနယ်စပ် မူးမြစ်ကမ်းဘေးတွင် တည်ရှိပြီး ပျူစောထီးကြီးစိုးရာ နယ်မြေအတွင်း တည်ရှိသည်။

သတင်း

ယမန်နေ့ (ဧပြီ ၁၉)ညနေ ၅ နာရီခန့်က တဆယ်ကျဲရွာသို့ အင်အား ၁၂၀ ခန့်ဖြင့်ရောက်ရှိလာသော စစ်ကောင်စီ ခမရ(၃၆၈)မှစစ်‌ကြောင်းကို ၁၀ မိနစ်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းြဖစ်သည်ဟု ဆိုသည်။