Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် စစ်‌ကြောင်းထိုးလာသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ ‌ခြောက်ဦးဒဏ်ရာရ

ယမန်နေ့ (ဧပြီ ၁၉)ညနေ ၅ နာရီခန့်က တဆယ်ကျဲရွာသို့ အင်အား ၁၂၀ ခန့်ဖြင့်ရောက်ရှိလာသော စစ်ကောင်စီ ခမရ(၃၆၈)မှစစ်‌ကြောင်းကို ၁၀ မိနစ်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းြဖစ်သည်ဟု ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)
(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် တဆယ်ကျဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ရွှေဘိုခရိုင် PDF တပ်ရင်းနှင့် Local PDF များပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း (၁၀) PDF-Taze က ပြောသည်။

ယမန်နေ့ (ဧပြီ ၁၉)ညနေ ၅ နာရီခန့်က တဆယ်ကျဲရွာသို့ အင်အား ၁၂၀ ခန့်ဖြင့်ရောက်ရှိလာသော စစ်ကောင်စီ ခမရ(၃၆၈)မှစစ်‌ကြောင်းကို ၁၀ မိနစ်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းြဖစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ‌ခြောက်ဦးဒဏ်ရာရရှိကာ သေဆုံးသူများကို တိုက်ပွဲဖြစ်ပွားရာကျေးရွာအနီးတွင် သဂြိုလ်သွား‌ကြောင်း PDF-Taze မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျသွားတဲ့နှစ်ကောင်ကို တဆယ်ကျဲရွာထဲမှာပဲ မီးရှို့သင်္ဂြိုထားခဲ့ပြီး ဒဏ်ရာရတဲ့ ၆ကောင်ကို ကျွန်းလည်ဘက်မှကားနဲ့ လာခေါ်သွားတယ်လို့သိရပါတယ်”ဟု ၎င်းရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က သေဆုံးရုပ်အလောင်းများအား ယနေ့(ဧပြီ ၂၀)နံနက်ပိုင်းတွင် တဆယ်ကျဲရွာတွင် သေနတ်ပစ်ဖောက်သဂြိုလ်သွားသည်ဟု ခန့်မှန်းရကြောင်း PDF-Taze က ခန့်မှန်းသည်။

လက်ရှိတွင် အဆိုပါ ခမရ(၃၆၈)စစ်ကြောင်းသည် တန့်ဆည်နယ် သဲစားနှင့် ရွာရှည်ကျေးရွာဘက်ရှိ ကုန်းတိုက်များတွင် ဆက်ရှိနေ‌ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook