Connect with us

Hi, what are you looking for?

News

က​လေးမြို့ အနီးကပ်တိုက်ပွဲ ဗိုလ်ကြီးအပါအဝင် စစ်​ကောင်စီတပ်ဘက်မှ ၁၂ ဦး​သေ ၊ က​လေး ပကဖ မှ ၇ ဦးကျဆုံး

ကလေးမြို့၊ ပြင်သာစာသင်ကျောင်းတွင် တပ်စွဲထားသည် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကလေးမြို့ပြည်သူကာကွယ်ရေးတပ် ၊ တပ်ရင်း ၆ နှင့် တပ်ရင်း ၇ တို့က ယမန်​နေ့ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့တောင်ပိုင်းတွင် ပြင်သာစာသင်​ကျောင်းယမန့်ညက ဖြစ်ပွားခဲ့သည့်အနီးကပ် တိုက်ပွဲတွင် ဗိုလ်ကြီး တစ်ဦးအပါအဝင် စစ်​ကောင်စီတပ်နှင့်ပျူစောထီး​ပေါင်း ၁၂ ဦးသေဆုံးပြီး ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ ၇ ဦးကျဆုံးခဲ့ကြောင်း ကလေးမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ-ကလေး) ကထုတ်ပြန်သည်။

ကလေးမြို့၊ ပြင်သာစာသင်ကျောင်းတွင် တပ်စွဲထားသည် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကလေးမြို့ပြည်သူကာကွယ်ရေးတပ် ၊ တပ်ရင်း ၆ နှင့် တပ်ရင်း ၇ တို့က ယမန်​နေ့ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲသည် အနီးကပ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးကို အနီးကပ်ပစ်သတ်နိုင်ခဲ့​ကြောင်း ပ.က.ဖ(ကလေး)က ထုတ်ပြန်ထားသည်။

“ပြင်သာစာသင်ကျောင်းဝန်းထဲတွင်သူ့လူကိုယ့်လူရောနေချိန်တွင် ပကဖ တပ်ခွဲမှူးက စခဗိုလ်ကြီးတစ်ယောက်ကိုသေနတ်နဲ့တေ့ပစ်သတ်နိုင်ခဲ့ကြောင်း ဝမ်းသာကြည်နူးဖွယ်ရာ သတင်းကောင်းကို ​
ပြည်သူများ ဝမ်းသာကြည်နူး ပီတိထူးများ ခံစားနိုင်ကြပါစေရန် တင်ပြအပ်ပါသည်”ဟု ပ.က.ဖကလေးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

​သေဆုံးသွား​သောဗိုလ်ကြီးသည် ကလေးမြို့ ညောင်ပင်သာရပ်ကွက်မှ အငြိမ်းစားဗိုလ်ကြီး၏ သားဖြစ်ပြီး၊ ဖခင်ဖြစ်သူမှာလည်းကလေးမြို့တွင် နာမည်ကြီးဒလန်ဖြစ်သည်ဟု ပကဖ(ကလေး)မြို့ကတာဝန်ရှိသူများကပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက ပျူစောထီးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း ၄လောင်းကို ယမန့်နေညပိုင်းတွင်ကလေးမြို့ကို ညတွင်းချင်းပြန်လည်သယ်ယူခဲ့သည်။

ထိုအပြင်အကြမ်းဖက်စစ်ကောင်စီတပ်က တောင်အူ၊ပြင်သာရွာသူရွာသားများကိုကျဆုံးခဲ့သည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားများ၏ အလောင်းများကို အိမ်တိုင်းမှ မဖြစ်မနေလာကြည့်ခိုင်းခဲ့သည်ဟု ဒေသခံများကပြောသည်။

“သူရဲကောင်းတို့ ကို အောက်မေ့ သတိရနေမှာ အမှန်ပါ။လက်နက် ကောင်းတက်ဆင်နိုင်ရေး များများ ဝိုင်းလှူ ကြဖို့လဲ တိုက်တွန်း လိုပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန့်နေ့တိုက်ပွဲတွင် ပြင်သာ​မှ တပ် ရင်း၆တပ်စုမှူးတစ်ဦးနှင့် တပ်ရင်း ၆ နှင့် တပ်ရင်း ၇ မှ တပ်သား ၃ ဦးစီ စုစုပေါင်း ၇ ဦးကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ပ.က.ဖ(ကလေး)ကထုတ်ပြန်ထားသည်။
ယမန့်နေတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်များက အင်အား ၅၀ခန့်ဖြင့်စစ်​ကောင်စီတပ်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်​ကြောင့်း က​လေး ပ.က.ဖ က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီး​နောက်စစ်​ကောင်စီတပ်က လက်နက်ကြီးများဖြင့်တစ်ညလုံး ရမ်းသန်းပစ်ခတ်​နေ​ကြောင်း ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။