Connect with us

Hi, what are you looking for?

LuduNwayOo

News

အထိနာနေသော စစ်ကောင်စီက ပြောက်ကျားစစ်ကို တန်ပြန်ရန် လူထုကြား သပ်လျှိူသွေးခွဲမှု ပိုမိုလုပ်ဆောင်လာဟု ကလေးPDF သတိပေး

ကလေး PDF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများ၊ ကျင့်ဝတ်များအတိုင်း တသွေမတိမ်းလိုက်နာ၍ စစ်ရေးဆိုင်ရာ ပစ်မှတ်များဖြစ်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ၏ထောက်တိုင်များ၊ ယန္တယားများကိုသာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု ကတိပြုသည်။

▪️စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားသည့် ကျေးရွာအချို့ ပြည်သူ့ကာကွယ်ရေးတပ်များထံ အမြန်ဆက်သွယ်ပူးပေါင်းကြရန်ထုတ်ပြန်

ပြောက်ကျားစစ်ကို ခုခံရင်ဆိုင်နိုင်စွမ်းမရှိဘဲ အထိနာနေသော အကြမ်းဖက် စစ်ကောင်စီသည် ပြောက်ကျားစစ်ကို တန်ပြန်နိုင်ရန် ပြည်သူလူထုအကြား သပ်လျှိူသွေးခွဲမှုများကို ပိုမိုအားစိုက် လုပ်ဆောင်လာနေသည်ဟု ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် သတိပေးထုတ်ပြန်သည်။

ရပ်ရွာပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လက်ခံထား နေသရွေ့ သတ် ဖြတ်ခံရခြင်း၊ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် စည်းစိမ်ဥစ္စာများကို လုယူခြင်း အစရှိသော အကြမ်းဖက်ဖိနှိပ်ရက်စက်မှုမျိုးကို ကြုံတွေ့ရမည်ဟူသော သတင်းစကားဖြင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကို ခွဲထုတ်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းမှု ပိုမိုဆိုးရွား လာနေသည်ဟု ဆိုသည်။

ထို့အပြင် ကလေးမြို့နယ် ကျေးရွာအချို့တွင် ကျေးရွာလုံခြုံရေးခေါင်းစဉ်တပ်၍ ကျေးရွာ ပြည်သူများအား လက်နက်တပ်ဆင်ပေးကာ ပြည်သူအချင်းချင်း တိုက်ခိုက် သတ်ဖြတ်ကြ စေရန် စီစဉ်ဆောင်ရွက် နေသည်ကိုတွေ့ရှိ၍ အဆိုပါ ကျေးရွာအချို့အနေဖြင့် လက်တွေ့အခြေအနေအနေမှန်ကို နားလည် သဘောပါက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဖြင့် အမြန်ဆုံး ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ကြရန် အသိပေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“လက်ရှိ စစ်ကိုင်း စစ်မြေပြင် တစ်ခုတည်းကို ကြည့်ရင် အကြမ်းဖက်စစ်တပ်ရဲ့ ပစ်မှတ်သည် ပြည်သူ ဆိုတာ ထင်ရှားလာတယ်။သူတို့ကို မထောက်ခံတဲ့ ရွာတွေကို ရွာလုံးကျွတ်မီးရှို့ပြတယ်။အကြောင်းမဲ့ လူသတ်ပြတယ်။ဒါကိုကြည့်ခြင်းအားဖြင့် အကြောက်တရားတွေကို တစ်ဆုံးရိုက်သွင်းနေတာ။ပြည်သူနဲ့ ပြည်သူတပ်ဖွဲ့ကြား မှာ အနာရင်းလာအောင် အညှော်ပေးတာ။ယုတ် မာတာ။စစ်စည်းကမ်းမရှိတဲ့ ရာဇဝတ်မှုတွေကို ထပ်ခါထပ်ခါ ကျူးလွန်ဖို့လည်း ဒီအကြမ်းဖက်စစ်တပ်က လက်ရွံ့နေမှာမဟုတ်ဘူး။ဒါကြောင့် စည်းလုံးမှုတွေနဲ့ ရှေ့ဆက်ရမယ်။ပြီးတော့ တစ်ပြည်လုံးက ပြည်သူတွေရဲ့ တက်နိုင်တဲ့ ပံ့ပိုးမှုတွေ လိုအပ်တယ်”ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်သည်။

ကလေး PDF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများ၊ ကျင့်ဝတ်များအတိုင်း တသွေမတိမ်းလိုက်နာ၍ စစ်ရေးဆိုင်ရာ ပစ်မှတ်များဖြစ်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီ၏ထောက်တိုင်များ၊ ယန္တယားများကိုသာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု ကတိပြုသည်။

ထို့ကြောင့် ကလေးဒေသအတွင်း စစ်ကောင်စီ၏ ဖိနှိပ်ထိန်း‌ချုပ်မှုအောက်တွင် ရှိနေသော ကျေးရွာအချို့အနေဖြင့် မကြာခင်ပြိုပျက်ကျရှုံးတော့မည်ဖြစ်သော အကြမ်းဖက်စစ်ကောင်စီ၏ လက် တွေ့အခြေအနေမှန်ကို နားလည် သဘောပေါက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံးဆက်သွယ် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းသည်။

တရားမျှတလွတ်လပ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ခက်ခဲကြမ်းတမ်း သော မုန်တိုင်းကာလကို ဆက်လက်ဖြတ်သန်းကြရဦးမည် ဆိုသည့် ပကတိအခြေအနေမှန် ကိုလည်း ကလေးဒေသပြည်သူများ နားလည် သဘော ပေါက်စေချင်သည်ဟု အသိပေးသည်။

တတိုင်းတပြည်လုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၏ ညီညွတ်သော ခုခံတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ အကြမ်းဖက် တပ်မတော်သည် ပြိုပျက်စပြုနေသည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်ကြောင်း၊ ဆိုးယုတ်သော စစ်ကောင်စီ၏ ကျဆုံးချိန် နီးသထက်နီးလာပြီး ပြည်သူတို့ မျှော်လင့်တောင့် တသော တရားမျှတ လွတ်လပ်သည့် နိုင်ငံတော်သစ်သည် နီးသထက် နီးလာပြီဆိုသည့် မျက်မှောက်အမှန်တရားအား ကလေးဒေသ ပြည်သူ့တစ်ရပ်လုံးသို့ တပ်လှန့်နှိုးဆော်လိုက်ကြောင်း ဖော်ပြသည်။

ကလေးဒေသအတွင်း စစ်ကောင်စီ၏ ဖိနှိပ်ထိန်းချုပ်မှု အောက်တွင်ရှိနေသော ကျေးရွာအချို့ အနေဖြင့် မကြာခင် ပြိုပျက်ကျဆုရှုံးတော့မည်ဖြစ်သော အကြမ်းဖက်စစ်ကောင်စီ၏ လက်တွေ့ အခြေအနေ အနေမှန်ကို နားလည် သဘောပါက်ပြီး ပြည်သူ့ကာကွယ်ရေး တပ်များဖြင့် အမြန်ဆုံး ဆက်သွယ် ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးအပ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။