Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့မှ CDM ရဲမှူးတင်မင်းထွန်း၏နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် သန္တာ(၄)ရှိ ယာယီရဲမှူးတင်မင်းထွန်း၏နေအိမ်ကို စစ်ကောင်စီက ယမန်နေ့(ဖေဖော်ဝါရီ ၇)ညနေပိုင်းတွင် လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-CJ

●​တော်လှန်​ရေး​အောင်ပြီးလျှင် ချိတ်ပိတ်ခံရ​သောအိမ်မှာပင်ပြန်​နေမည်ဟု ယာယီရဲမှူးတင်မင်းထွန်း​ပြော

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့မှ CDM ပြုလုပ်ခဲ့သူ ယာယီရဲမှူးတင်မင်းထွန်း၏နေအိမ်ကို စစ်ကောင်စီတပ်က ချိတ်ပိတ်လိုက်ကြောင်း ရဲမှူး၏ နေအိမ်တည်ရှိရာ မြောက်ဥက္ကလာပမြို့ နယ်မှဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် သန္တာ(၄)ရှိ ယာယီရဲမှူးတင်မင်းထွန်း၏နေအိမ်ကို စစ်ကောင်စီက ယမန်နေ့(ဖေဖော်ဝါရီ ၇)ညနေပိုင်းတွင် လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့ ယာယီရဲမှူးတင်မင်းထွန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းကတည်းက အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

Public Service Announcement

Public Service Announcement

၎င်းသည် ရဲတပ်ဖွဲ့ဝင်များတွင် အစောဆုံး CDM ပြုလုပ်
သည့် အရာရှိအဆင့် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး CDM ပြုလုပ်ကာ ပြည်သူ့ဘက်ရပ် တည်ချိန်တွင် ရဲဝန်ထမ်းလုပ်သက် ၃၁ နှစ်ရှိပြီ ​ဖြစ်သည်။

ရဲမှူးတင်မင်းထွန်း၏နေအိမ်အား အကြမ်းဖက်စစ်ကောင်စီမှ လာရောက်ချိတ်ပိတ်စဥ် ရဲမှူးနှင့် မိသားစုမှာ CDM ပြုလုပ်ပြီးနောက်ပိုင်း မြောက်ဥက္ကလာပမြို့နယ်နေအိမ်မှ တိမ်းရှောင်နေခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ဖမ်းဆီးခြင်း မခံခဲ့ရပေ။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။