Connect with us

Hi, what are you looking for?

News

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့မှ CDM ရဲမှူးတင်မင်းထွန်း၏နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် သန္တာ(၄)ရှိ ယာယီရဲမှူးတင်မင်းထွန်း၏နေအိမ်ကို စစ်ကောင်စီက ယမန်နေ့(ဖေဖော်ဝါရီ ၇)ညနေပိုင်းတွင် လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-CJ

●​တော်လှန်​ရေး​အောင်ပြီးလျှင် ချိတ်ပိတ်ခံရ​သောအိမ်မှာပင်ပြန်​နေမည်ဟု ယာယီရဲမှူးတင်မင်းထွန်း​ပြော

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့မှ CDM ပြုလုပ်ခဲ့သူ ယာယီရဲမှူးတင်မင်းထွန်း၏နေအိမ်ကို စစ်ကောင်စီတပ်က ချိတ်ပိတ်လိုက်ကြောင်း ရဲမှူး၏ နေအိမ်တည်ရှိရာ မြောက်ဥက္ကလာပမြို့ နယ်မှဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက် သန္တာ(၄)ရှိ ယာယီရဲမှူးတင်မင်းထွန်း၏နေအိမ်ကို စစ်ကောင်စီက ယမန်နေ့(ဖေဖော်ဝါရီ ၇)ညနေပိုင်းတွင် လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရန်ကုန်တိုင်းသတင်းရဲတပ်ဖွဲ့ ယာယီရဲမှူးတင်မင်းထွန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းကတည်းက အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

Public Service Announcement

Public Service Announcement

၎င်းသည် ရဲတပ်ဖွဲ့ဝင်များတွင် အစောဆုံး CDM ပြုလုပ်
သည့် အရာရှိအဆင့် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး CDM ပြုလုပ်ကာ ပြည်သူ့ဘက်ရပ် တည်ချိန်တွင် ရဲဝန်ထမ်းလုပ်သက် ၃၁ နှစ်ရှိပြီ ​ဖြစ်သည်။

ရဲမှူးတင်မင်းထွန်း၏နေအိမ်အား အကြမ်းဖက်စစ်ကောင်စီမှ လာရောက်ချိတ်ပိတ်စဥ် ရဲမှူးနှင့် မိသားစုမှာ CDM ပြုလုပ်ပြီးနောက်ပိုင်း မြောက်ဥက္ကလာပမြို့နယ်နေအိမ်မှ တိမ်းရှောင်နေခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ဖမ်းဆီးခြင်း မခံခဲ့ရပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook